ဒီးမော့ဆို ဖေဖော်ဝါရီ ၁၃
ကဲရ်-မြန်မာမှ
ဦးဆောင်၍ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် မူကြိုကလေးငယ်များ စွမ်းရည်ပြိုင်ပွဲနှင့် ကျောင်းဆင်းပွဲ
အခမ်း အနားကို ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၉ နာရီအချိန်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့
မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
ကဲရ်-မြန်မာမှ ဌာနကိုယ်စားလှယ် Mr.Brian Agland က အမှာစကားပြောကြားပြီး စီမံကိန်း ဝန်ထမ်းများက
အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးခွန်းထက်က
မူကြို ကလေးငယ်များ၏ စွမ်းရည်ပြိုင်ပွဲ၊ ကျောင်းဆင်းပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ဆက်လက်၍
ပြိုင်ပွဲဝင်မူကြိုကလေးငယ်များမှ ပစ္စည်းအမျိုးအမည်နှင့် အရောင်အမည်များပြောခြင်း၊ ပစ္စည်းနှင့်
အရေအတွက် တူယှဉ်တွဲခြင်း၊ ပုံဖော်ကြိုးသီခြင်း၊ အသီး(သို့) တိရိစ္ဆာန်ပုံ အရောင်ခြယ်ခြင်း၊
ညှပ်ခြင်း၊ ကပ်ခြင်း၊ ဘောလုံးကို ခြင်းတောင်းထဲသို့ ပစ်ထည့်ကစားခြင်း၊ ပုံပြော၍ သရုပ်ဖော်ခြင်းနှင့်
တေးသရုပ်ဖော်အကဖြင့် တင်ဆက်ကပြခြင်းတို့ကို ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင်
မြို့နယ်အတွင်းရှိ ကျေးရွာ(၄၁)ရွာမှ မူကြိုကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲကို
ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment