မုံရွာ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊
ကျောက္ကာလမ်း၊ မုံရွာတက္ကသိုလ် စာပေနှင့် အနုပညာ အသင်းတွင် မုံရွာ တက္ကသိုလ် ရောင်စဉ်သစ်
ပန်းချီ အနုပညာပြပွဲကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပရာ မုံရွာတက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်၊ မုံရွာတက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊
ပါမောက္ခများ၊ ကထိကများ၊ လက်ထောက် ကထိကများ၊ ချင်းတွင်း ရေကြည်ပန်းချီအဖွဲ့ မှရေဆေးပန်းချီ
ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရောင်စဉ်သစ် ပန်းချီအနုပညာ
ပြပွဲအား မုံရွာတက္ကသိုလ်ပါမောက္ခချုပ်၊ မုံရွာတက္ကသိုလ် ဒုတိယမောက္ခချုပ်နှင့် မုံရွာတက္ကသိုလ်
စာပေနှင့်အနုပညာ အသင်းဥက္ကဌ ဒေါက်တာဇော်မြင့်နီ (ပါမောက္ခဌာနမှူး၊ ဘူမိဗေဒဌာန)တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီး
ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ခန်းမအတွင်းခင်းကျင်း ပြသထားသော ပန်းချီကားများကို
လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ပြပွဲဖွင့်လှစ်ပြသမှုနှင့် ပတ်သက်ပြီး “ဒုတိယအကြိမ်မြောက်
ပြပွဲကျင်းပတာပါ၊ ပထမ အကြိမ်တုံးက ကျောင်းသား၊ ကျောင်းသူတွေ အတွေ့အကြုံ နည်းတော့ ပါဝင်ပြသနိုင်မှု
နည်းခဲ့တယ်၊ အခုအကြိမ်မှာတော့ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးအထိ ပါဝင်ပြသ လာနိုင်တယ်၊
ပြင်ပကပန်းချီ ပညာရှင်တွေ ပါဝင်လာတော့ တော်တော် လေးကို ပြပွဲက အသက်ဝင်လာတယ်၊ ပန်းချီကားတွေက
တစ်ချို့တွေကို ရောင်းမှာပါ၊ တစ်ချို့ပန်း ချီကား တွေ ကတော့ ပြသရုံပဲ ပြသာတာပါ၊ မရောင်းပါဘူး၊
ကျောင်း သား၊ ကျောင်း သူတွေ ပြပွဲကာလအတွင်း မည်သူ မဆို လာပြီး ကြည့်ရှုလေ့လာ နိုင်ပါတယ်”
ဟုပြပွဲဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မုံရွာတက္ကသိုလ် ရောင်စဉ်သစ်ပန်းချီ အနုပညာ
ပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများ (၁၀)ဦးရေးဆွဲ ထားသော ပန်းချီကား (၂၀)ကား၊ ချင်းတွင်းရေကြည်
ပန်းချီအဖွဲ့မှ ဆရာ(၁၀)ဦးမှ ပန်းချီကား(၄၀)ချပ်၊ နှင့် ပြင်ပမှ ဝါသနာရှင် ပန်းချီပညာရှင်
(၁၉)ဦး တို့မှ ပန်းချီကား(၅၈)ချပ်၊ မုံရွာတက္ကသိုလ် ဆရာတစ်ဦးက ပန်းချီကား (၂)ချပ် စုစုပေါင်း(၁၂၀) ချပ်တို့ အား
ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ထိ ရက်သတ္တပတ် (၂)ပတ်ကြာ ကျောင်းဖွင့်ချိန်
နံနက်(၉)နာရီမှ ညနေ(၃)နာရီခွဲ အထိပြသသွားမည်ဖြစ်ကြောင်း နှင့်ထမအကြိမ် ရောင်စဉ်သစ်ပန်းချီ
အနုပညာပြပွဲတွင် ပန်းချီကား(၈၉)ချပ် ပါဝင်ပြခဲ့ရာ ပန်းချီကား(၁၀)ချပ် ရောင်းချ ရကြောင်း
သိရသည်။
No comments:
Post a Comment