Wednesday, February 18, 2015

တိုင်းဒေသကြီး ဘဏ္ဍာငွေဖြင့် ဝယ်ယူဖြည့်တင်း ပေးသော မီးသတ်ရေ သယ်ယာဉ်(၂၀)စီး လွှဲပြောင်း ပေးအပ် ပွဲ မုံရွာမြို့တွင် ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်မီးသတ်စခန်းများသို့ တိုင်းဒေသကြီးဘဏ္ဍာငွေဖြင့် ဝယ်ယူ ဖြည့်တင်း ပေးသော မီးသတ်ယာဉ် (၆၅)စီးနှင့် မီးသတ်ရေသယ်ယာဉ် (၄၃)စီးအနက်မှ မီးသတ် ရေသယ်ယာဉ် (၂၀)စီးအား မြို့နယ်မီးသတ်စခန်းများသို့ လွှဲပြောင်းပေးအပ်ပွဲကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့ညနေ(၄) နာရီခွဲ ကတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး



အစည်းအဝေး ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသင်းလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီး တာဝန်ရှိသူ များနှင့်အတူ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ မြို့နယ်မီးသတ် ဦးစီးမှူးများထံသို့ မီးသတ်ရေ သယ်ယာဉ်များနှင့် သက်ဆိုင်သည့် ရွက်စာတမ်းများကို လွှဲပြောင်း ပေးအပ်ရာ မြို့မိမြို့ဖဦးကံထွန်းက ကျေးဇူးတင် စကား ပြန်လည်ပြောပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်း အေးက မီးသတ်ရေယာဉ်ဆိုင်ရာ အချက် အလက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးသတ်ရေ သယ်ယာဉ်များကို အမွှေး နံ့သာ ရည်များ ပက်ဖြန်ပေးကာ မီးသတ်ရေသယ်ယာဉ်များ၏ မီးသတ်စွမ်းရည်ပြသမှုကို ကြည့်ရှု အားပေး ခဲ့သည်။
ယနေ့ကျင်းပသော မီးသတ်ရေ သယ်ယာဉ်များလွှဲပြောင်း ပေးအပ်ပွဲတွင် ရေဂါလံ(၁၆၀၀)ဆံ့ တရုတ် နိုင်ငံလုပ် ဒေါင်ဖန်း မီးသတ် ရေသယ်ယာဉ် တစ်စီးလျင်ငွေကျပ် (၂၂၅)သိန်းနှုန်းဖြင့် အစီး(၂၀)အား တိုင်းဒေသကြီးမှ မုံရွာခရိုင် အတွင်းရှိ မြို့နယ်(၄)ခုသို့(၄)စီး၊ ယင်းမာပင်ခရိုင် အတွင်းရှိမြို့နယ်(၄)ခုသို့ (၄)စီး၊ ရွှေဘိုခရိုင် အတွင်း ရှိမြို့နယ် (၈)ခုသို့ (၈)စီး၊ စစ်ကိုင်းခရိုင် အတွင်းရှိမြို့နယ် (၃)ခုသို့ (၃)စီးနှင့်ကလေး ခရိုင်အတွင်းရှိ မြို့နယ် တစ်ခုသို့ (၁)စီး စုစုပေါင်း (၂၀)စီးအားလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment