ဆန်းသစ်တီထွင်မှုကိုအတုယူ
ဆန်းသစ်တီထွင်မှုများကို
ကမ္ဘာပေါ်တွင် ဥရောပတိုက်နှင့် အမေရိ ကတိုက်မှ လူငယ်သိပ္ပံပညာရှင်များက အများဆုံး စတင်ဆောင်ရွက်ခဲ့ကြ
သည်။ ထိုသို့တီထွင်နိုင်ခဲ့မှုကြောင့် ယနေ့ကမ္ဘာ့လူသားများအား အကျိုး ကျေးဇူးများ စွာ
ပြုနေသည် ကို တွေ့ရမည်ဖြစ်သည်။ ပို့ဆောင်ရေး ကဏ္ဍအတွက် စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကား၊
သင်္ဘော၊ လေယာဉ် များကို စတင်တီထွင်နိုင်ခဲ့ပြီး မျက်မှောက်ကာလတွင် လူသားများအား များစွာ
အထောက်အကူပြုလျက်ရှိသည်။
၂၁ ရာစုခေတ်တွင်လည်း
တီထွင်ဆန်းသစ်မှုများကို သိပ္ပံပညာရှင် များက ပိုမိုခေတ်မီစွာ ပြုလုပ်လာကြသည်။ ထိုသို့တီထွင်ခဲ့ကြ သူများအနက်
ဆွစ်ဇာလန်နိုင်ငံမှ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ကို ပထမ ဆုံးတီထွင် ထုတ်လုပ်ခဲ့ပြန်သည်။
တီထွင်ထုတ် လုပ်ထားသော အဆိုပါ လေယာဉ်ကို ကမ္ဘာတစ်ပတ်ပျံသန်းတော့မည်ဖြစ်ရာ ၂ဝ၁၅ ခုနှစ်
မတ်လ ပထမပတ်တွင် ပျံသန်းမည်ဟုသိရသည်။
လေယာဉ်ခရီးစဉ်ကို
အရှေ့အလယ်ပိုင်းဒေသ အဘူဒါဘီမှ စတင် မည်ဖြစ်ပြီး အိုမန်၊ အိန္ဒိယ၊ မြန်မာ (မန္တလေး)၊ တရုတ်၊
ပစိဖိတ်သမုဒ္ဒရာ ဒေသ(ဟာဝိုင်ရီ)၊ အမေရိကန်နိုင်ငံမှ ပြည်နယ်သုံးခု၊ အတ္တလန္တိတ်သမုဒ္ဒရာ
နှင့် ဥရောပတောင် ပိုင်း၊ မြောက် အာဖရိကဒေသတို့ကို နေ့ရောညပါဖြတ်သန်းပြီး ၂ဝ၁၅ ခုနှစ်
သြဂုတ်လအတွင်း အဘူဒါဘီမြို့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံမှ
သိပ္ပံပညာရှင်များက နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ပထမဆုံးတီထွင် ထုတ်လုပ် နိုင်ခြင်းသည်
ကမ္ဘာသူ ကမ္ဘာသားအားလုံး အတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်သလို အနာဂတ်အတွက် စွမ်းအင်နှင့် ကုန်ကျ
စရိတ်ကို သက်သာစေမည့် ပို့ဆောင် ဆက်သွယ်ရေး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူ လိုက်ခြင်း
ဖြစ်သည်။ ကနဦးစမ်းသပ်သည့် ထိုလေ ယာဉ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင်
သုံးရက်တာ ခရီးတစ်ထောက် ရပ်နားမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ သားများ အံ့သြဂုဏ်ယူ
ဝမ်းမြောက်ခြင်း ဖြစ် ပေလိမ့်မည်။
မြန်မာတို့အနေဖြင့်
ထိုသို့အံ့သြဂုဏ်ယူ ဝမ်းမြောက်ကြရုံဖြင့်မပြီးသေးဘဲ တီထွင်ဆန်းသစ်ကြပုံများကို အတုယူ
အားကျရမည်ဖြစ်သည်။ မိမိတို့နိုင်ငံကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေသောအခါ ပညာရပ်နယ်ပယ်
များတွင် လွတ်လပ် စွာဆောင်ရွက်ခွင့်များရှိလာပြီဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်သောအခါ
နိုင်ငံ တော်ကလည်း တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေးမှုများလည်း ရှိလာသည်။ ပညာတတ်လူငယ်
လူရွယ်များ အနေဖြင့် ထိုကဲ့သို့ တီထွင်ကြံဆမှုမျိုးသာမက အများအကျိုးအတွက် တိုးတက်ရာ
တိုးတက်ကြောင်း မိမိတို့ တတ်နိုင်သည့်ဘက်မှ တီထွင်ကြံဆဖို့ဖြစ်သည်။
အဆိုပါ
လေယာဉ် ရပ်နားသည့် မြို့တွင် လေယာဉ်တီထွင်မှုနှင့်ပတ် သက်၍ နည်းပညာများ၊ အတွေ့ အကြုံများအား
မျှဝေပေးသွားမည့် အစီအစဉ် ပါဝင်ရာ နည်းပညာလေ့လာ လိုက်စားလိုသည့်လူငယ်များ လေ့လာ ဆွေးနွေး
အကြံဥာဏ်များရယူနိုင်သည့် အခွင့်အရေးများလည်းရှိသည်ဟုသိရသည်။
လူဟူသည်
ဦးနှောက် ဥာဏ်ပညာ ကောင်းသူများဖြစ်၍ မဖြစ်နိုင်ဟူသော အရာမရှိဘဲ ဖြစ်ချင်သည့်စိတ်နှင့်
ဖြစ်အောင် ကြိုးပမ်း စွမ်းဆောင်ဖို့သာ လိုရင်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံမှာ ဥရောပအလယ်ပိုင်းရှိ
နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အကျယ်အဝန်း ဧရိယာ စတုရန်းမိုင် ၁၅၉၄၄ သာရှိ၍ မြန်မာနိုင်ငံထက်
အဆများစွာ သေးငယ်သော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ထွက်ကုန်မှာ နာရီ၊ နို့ထွက်ပစ္စည်းနှင့်
အဖျော်ယမကာသာထွက်ရှိသည်။ သဘာဝသယံဇာတ နည်းပါးသော နိုင်ငံဖြစ်သော်လည်း သဘာဝကိုအခြေခံပြီး
ခေတ်အမီဆုံး၊ အတိုးတက်ဆုံး ကြိုးပမ်းတီထွင် အားထုတ်ကြသည်မှာ အားကျ စရာဖြစ်သည်။ နိုင်ငံတိုးတက်ရန်နှင့်
အများအကျိုးရှိမည့် အားထုတ်မှုများမှာ အတုယူစရာ ဖြစ်သည်။
သို့ဖြစ်ရာ
မြန်မာနိုင်ငံတွင်လည်း လူငယ်များ ဥာဏ်ပညာမြင့်မားရေး အတွက် အားပေးနေရာ ထိုဆန်းသစ် တီထွင်မှုကို
လေ့လာ အတုယူ အားကျပြီး မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ရေးအတွက် အပတ်တကုတ် ကြိုးပမ်း
အားထုတ် ဖို့လိုသည်ဟု အကြံပြုအပ်ပါသည်။ ။
No comments:
Post a Comment