Thursday, February 19, 2015

သက်စွန့်ကြိုးပမ်းထမ်းရွက်နေသော တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် အလှူငွေများ ပေးအပ် လှူဒါန်း

တောင်ကြီး ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းရွက်နေသော တပ်မတော်သားများအား ဂုဏ် ပြုသောအားဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စေတနာရှင် အလှူရှင်များမှ နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင် နေကြသည့် တပ်မတော် သားများအား ဂုဏ်ပြုသောအားဖြင့် လှူဒါန်းငွေများပေးအပ်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့က လှူဒါန်းငွေကျပ်သိန်း ၁ဝဝ အား ရှမ်းပြည်နယ် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းကလည်းကောင်း၊ ရှမ်း ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အလှူငွေကျပ် ၃၇၆၅၂၅ဝဝ အား ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်နှင့် ဒုတိယညွှန်ကြားရေးမှူးတို့ကလည်း ကောင်း၊ နီလာရိုးမ ကုမ္ပဏီလီမိတက် မှ အလှူငွေကျပ် သိန်း ၅ဝဝ၊ ဖြူစင် ရိုးမကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးငွေစိုးက အလှူငွေကျပ် သိန်း ၁ဝဝ၊Shining Myanmar ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးကျော်စွာထွဋ်က အလှူ ငွေကျပ်သိန်း ၅ဝ၊ Excellent Myan-mar ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးစိုးသန်းနိုင်က အလှူငွေကျပ်သိန်း ၅ဝ၊ မြဝတီမြို့နေ ဒေါ်စီစီသင်းက ကျဆုံးစစ်သည် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်း အပါအဝင် အလှူငွေကျပ် ၆၉ သိန်း၊ အမရာဟိုတယ် ဒေါ်ကလျာက အလှူငွေကျပ်သိန်း ၂ဝ၊ ပတ္တမြားနဂါး ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးနေဝင်းထွန်းက အလှူငွေကျပ် ၁ဝ သိန်း၊ ဦးဝဏ္ဏထွန်းနှင့် ဇနီး ဒေါ်ကေသီအေးတို့က အလှူငွေကျပ် ၁ဝ သိန်း၊ ပင်းပက်သံမဏိစက်ရုံမှ ဗိုလ်ကြီးစိုးရွှေ(ငြိမ်း)ကအလှူငွေကျပ် ၁ဝ သိန်း၊ ဦးသော်တာက အလှူငွေ ကျပ် ၁ဝ သိန်း၊ ချယ်ရီကွင်းဟိုတယ် ဦးမောင်တိုးက အလှူငွေကျပ် ၁ဝ သိန်း၊ တောင်ကြီးဟိုတယ် ဦးထွန်းလွင်က အလှူငွေကျပ် ၁ဝ သိန်း၊ ရဲထွဋ်တင် ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ် ၁ဝ သိန်း၊ ချယ်ရီမြေအုပ်စုက အလှူ ငွေကျပ် ငါးသိန်း၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ အလှူငွေကျပ် ငါးသိန်း၊ ဦးဝင်းဦးနှင့် ကိုသားချော (တောင်ကြီးမြို့)က အလှူငွေကျပ် သုံးသိန်း၊ ဦးဇော်ထွန်းအောင် (တောင်ကြီးမြို့)က အလှူငွေကျပ် သုံးသိန်း၊ဦးသူရစောသိန်း (တောင်ကြီး မြို့)မှ အလှူငွေကျပ် တစ်သိန်း၊ ဗိုလ်ကြီးသက်အောင်(ငြိမ်း)က အလှူ ငွေကျပ်တစ်သိန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များမှ အလှူငွေကျပ် ၁၄၄၃ဝဝဝဝ စုစုပေါင်းအလှူငွေ ၁၄၉၇၈၂၅ဝဝ တို့ကို အသီးသီးပေးအပ်လှူဒါန်းရာ အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပထမအကြိမ် လောက်ကိုင်ဒေသမှ ပညာရေးဝန်ထမ်း နှင့်ဌာနဆိုင်ရာဝန်ထမ်း ၇၃၁ ဦးတို့ အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၂၁၉၃ဝဝဝဝ အား ရှမ်းပြည်နယ် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်က ပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်အောင်က လက်ခံရယူပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းက အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို သက်စွန့်ကြိုးပမ်းထမ်းရွက်နေ ကြသော တပ်မတော်သားများအား စေတနာရှင်၊ အလှူရှင်များအနေဖြင့် ဆက်လက်ပါဝင် လှူဒါန်းလိုပါက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဦးစီး အရာရှိ(ပထမတန်း) (စစ်ရေး)ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်၊ ဖုန်း ဝ၉-၃၉၁ဝ၆၅၃ဝ၊ ဝ၉-၃၆၁၉၂၉၃၉ နှင့် ဝ၃၄-၃၂ဝ၇ဝ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment