Friday, February 13, 2015

ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးသစ်ဖွင့်လှစ်






သထုံ  ဖေဖော်ဝါရီ  ၁၂
၂၀၁၅ ခုနှစ်၊ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသေားအားဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဖွင့်လှစ်ပွဲကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၈)နာရီခွဲက ဒူးရင်းဆိပ် ကျေးရွာ အုပ်စု၊ ကြာပန်းကျေးရွာရှိ အဆိုပါ ရုံးသစ်တွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဘသိန်း၊ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့က ရုံးသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်း အား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား ပြောကြားပြီး ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီဥက္ကဋ္ဌက ရုံးသစ်ဖွင့်လှစ်ရခြင်းနှင့် တည်ဆောက်ခဲ့ရသည့် အခြေအနေ များအား ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူးက တည်ဆောက်ရေး အတွက် ပါဝင်ကြိုးပမ်းခဲ့ သူများအား ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment