မောင်တော
ဖေဖော်ဝါရီ ၁၂ ရက်
ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၆၈)
နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနား နှင့်
ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက် နံနက် ၀၇း ၀၀ နာရီအချိန်တွင်
မောင်တောမြို့ ပြည်သူ့ အားကစားကွင်းကြီး၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး
ဦးခင်မောင်လွင်က နိုင်ငံတော်သမ္မတကြီးမှ ပေးပို့သော ပြည်ထောင်စုနေ့ သ၀ဏ်လွှာအား
ဖတ်ကြားပြီး ပြည်ထောင်စုနေ့အကြို အထက်တန်း၊ အလယ်တန်း၊ မှုလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်
ဆုရကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး
အခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများ၊ ဆရာ၊
ဆရာမများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်များရှိ မိဘပြည်သူမျုား၊
မြို၊ ခမီ၊ ဒိုင်းနက်၊ သက် စသော တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment