စစ်တွေ ဖေဖော်ဝါရီ ၁၂
၂၀၁၅
ခုနှစ် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင်
စစ်တွေမြို့ ဝေသာလီ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်းနှင့် ဇနီး ဒေါ်ခင်ဆွေဝင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ၊ ပြည်နယ်
တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊
ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား
ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊
ကျောင်းသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်သည်
အခမ်းအနား စင်မြင့်ပေါ်မှ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဧည့်ပရိတ်သတ်တို့က နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးများအား အလေးပြုကြပြီးနောက်
ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင် ဦးမောင်မောင်အုန်းက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ (၆၈)နှစ်မြောက်
ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည်
အခမ်းအနား တက်ရောက်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီးနောက် တာဝန်ရှိသူတို့နှင့်အတူ
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအဖြစ် ခင်းကျင်းဖွင့်လှစ်ပြသသည့် ၀န်ကြီးဌာနနှင့်
ဦးစီးဌာနဆိုင်ရာပြခန်း ဆုရရှိကြသည့် ၀န်ကြီး ဌာနနှင့် ဦးစီးဌာနတို့အား ဂုဏ်ပြုဆုငွေနှင့်
ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။ ပြီးနောက်
ပြည်နယ်ဝန်ကြီးချုပ် သည် တာဝန်ရှိသူတို့နှင့်အတူ အဆိုပါအားကစားကွင်း၌ ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ
မီးသတ်စွမ်းရည် သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment