Friday, February 20, 2015

(၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ကို မင်းတပ်မြို့၌ကျင်းပရာ နိုင်ငံခြားခရီးသွားများ စိတ်ဝင်တစား လေ့လာ






မင်းတပ်  ဖေဖော်ဝါရီ ၂၀
ချင်းပြည်နယ်၊ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် အထက(၂)ကျောင်း ဘောလုံးကွင်း၌ (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ယနေ့နံနက် (၀၈၀၀)နာရီတွင် စတင်ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ချင်းရိုးရာဝတ်စုံများ ဝတ်ဆင်၍ အတီးအမှုတ်ကိုယ်စီနှင့် စစ်ကြောင်း (၄)ကြောင်းဖြင့် ဂုဏ်ပြု တက်ရောက်ကြရာ နိုင်ငံခြားခရီးသွားများမှ ပရဲထိုးထားသည့်သူများ၊ ချင်းရိုးရာ အသုံးအဆောင်များ ဝတ်ဆင်ထားသည့်သူများ နှင့် ချင်းရိုးရာ အတီးအမှုတ် ပစ္စည်းများကို စိတ်ဝင်တစား လေ့လာကြသည်ကို တွေ့ရသည်။
 (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတွင် မင်းတပ်မြို့ရှိ ရပ်မိရပ်ဖများအပြင် အခြားမြို့နယ်မှ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားခရီးသွားများ တက်ရောက် ဂုဏ်ပြုကြသည်ကို တွေ့ရသည်။ ယင်းပွဲတွင် ဖျော်ဖြေရေး အစီအစဉ်အဖြင့် မင်းတပ်မြို့ရှိ ဝါသနာရှင်များမှ ဖေဖော်ဝါရီလ (၁၉)ရက်နှင့် (၂၀)ရက်ညတို့တွင် ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment