Thursday, February 26, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဗန်ကောက်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေး စီမံခန့်ခွဲမှု စနစ်များအား လှည့်လည်ကြည့်ရှုလေ့လာ



ဗန်ကောက် ဖေဖော်ဝါရီ ၂၆

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်ပိုင်း ဒေသစံတော်ချိန် ၉နာရီခွဲတွင် အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုဌာနသို့ ရောက်ရှိကြသည်။
 




ယင်းနောက် ရှင်းလင်းဆောင်၌ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန ဒုတိယအထွေထွေ အတွင်း ရေးမှူးချုပ် Dr.Weerawat Phancrut က ထိုင်းနိုင်ငံ၏ အလုံးစုံပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဌာန မှ တာဝန်ရှိသူများနှင့်အတူစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဌာန အတွင်းရှိ Call Center Room၊ Data Center Room များအား လှည့်လည်ကြည့် ရှု လေ့လာသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အမျိုးသားကျန်းမာရေးစောင့် ရှောက်မှုဌာန ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်က RATHKAEW AUTHENTIC THAI RESTAURANT ၌ တည်ခင်းဧည့်ခံသည့် နေ့လည် စာစားပွဲသို့ တက်ရောက် ခဲ့ကြသည်။ နေ့လည် စာစားပွဲအပြီးတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အမျိုးသား ကျန်းမာရေး စောင့်ရှောက် မှုဌာန ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် ထိုင်းနိုင်ငံ ကျန်းမာရေး ၀န်ကြီး H.E.Prof. Dr. Rajata Rajatanavin နှင့် ကျန်းမာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်းမောင်ဦး၊ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်၊ ဒေါက်တာဝင်းမြင့်၊ ဦးထင်အောင်၊ ဒေါက်တာ စိုင်းကျော်အုန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့် တင်ရေး၊ နယ်စပ်ဒေသနေ ပြည်သူ များအတွက် ကျန်းမာရေး ဆောင်ရွက်မှုကဏ္ဍများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ များတွင် ကူးစက် ရောဂါ မပြန့်ပွားရေး စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်း၌ ဆက်လက်တွေ့ဆုံပြီး ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ကျန်းမာ ရေးစီမံခန့်ခွဲမှု၊ အများပြည်သူနှင့် သက်ဆိုင်သည့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍ၌ ထိုင်း-မြန်မာပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးထံ အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်ပြီး ဧည့်သည်တော် များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး ကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး H.E. Prof. Dr. Rajata Rajatanavin က ဗန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

No comments:

Post a Comment