Thursday, February 26, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲဖြစ်သူ ဒုတိယ အတွင်းရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိသမ္မတ ဦးဉာဏ်ထွန်းသည် ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲဖြစ်သူ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီ ဖဲလ်မင်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။




ထိုသို့တွေ့ဆုံရာ၌ လူ့အခွင့်အရေးဆိုင်ရာ ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ်တွင် အကောင်အထည် ဖော်ရန် ကျန်ရှိသည့် ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်နိုင်ရေး၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး အကောင်အထည်ဖော်ရာ တွင် လိုအပ်သောနည်းပညာဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်း စဉ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အခြေအနေ များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်၊ ဦးသန့်ကျော်နှင့် ဦးကျော်ကျော်ဝင်း တို့ တက်ရောက်ကြသည်။

No comments:

Post a Comment