Saturday, February 21, 2015

စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အမှတ်စဉ် (၁/၂၀၁၅)အစည်းအဝေးကျင်းပ




စစ်တွေ ဖေဖော်ဝါရီ      ၂၀
ရခိုင်ပြည်နယ် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အမှတ်စဉ် (၁/၂၀၁၅)အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီက စစ်တွေမြို့ ရခိုင်ပြည်နယ် စီမံကိန်းဦးစီးဌာနရုံး အစည်းအဝေးခန်မ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြအောင်၊ ရခိုင်ပြည်နယ် စီမံကိန်းများရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးမြအောင်က အမှာစကားပြောကြားပြီး ၂၀၁၄ - ၂၀၁၅ ခုနှစ် တတိယ (၃)လပတ်ကာလကုန်အထိ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ပြည်နယ် စီမံကိန်းဦးစီးရုံး ပြည်နယ်ဦးစီးမှူး ဦးစိန်ထွန်းက ရှင်းလင်းတင်ပြကာ ၂၀၁၅ - ၂၀၁၆ ခုနှစ် ရခိုင်ပြည်နယ်၏ ဒေသန္တရစီမံ ကိန်း ဥပဒေမူကြမ်းအား ပြည်နယ်စီမံကိန်းဦးစီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သီးက ရှင်းလင်းတင်ပြသည်။ ဆက် လက်၍ ရခိုင်ပြည်နယ် စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ဌာနအလိုက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

No comments:

Post a Comment