ကိုးကန့်သောင်းကျန်းသူများအနေဖြင့် လောက်ကိုင်ဒေသ၏
အဓိကဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်၍ လောက်ကိုင် မြို့အား ထိန်းချုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ
တပ်မတော်စစ်ကြောင်းများက လမ်းကြောင်း များတစ်လျှောက် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာမှ
ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းလျက်ရှိသော
တပ်မတော်စစ်ကြောင်းများနှင့် ချင်းရွှေဟော်-လောက်ကိုင် ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ
ပါစင်ကျော်တစ်ဝိုက်တွင် နှောင့်ယှက် တိုက်ခိုက်ပိတ်ဆို့လျက်ရှိသည့် ကိုးကန့် သောင်းကျန်းသူအဖွဲ့များ
ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာ သွားသည့် ကိုးကန့်သောင်းကျန်းသူအဖွဲ့များနောက်သို့
လိုက်လံရှင်းလင်းလျက်ရှိသည်။
ထို့အတူ ကုန်းကြမ်း-လောက်ကိုင်လမ်းကြောင်းရှိ
(၁၈)မိုင်လမ်းဆုံတစ်ဝိုက်တွင် ယာယီ ခံစစ်ယူ အခြေပြု ထားသော ကိုးကန့်သောင်းကျန်းသူအဖွဲ့အား
တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ရှင်းလင်းလျက်ရှိသည်။
ထို့ပြင် ဖေဖော်ဝါရီ(၁၈)ရက် ညပိုင်းနှင့်
ယနေ့နံနက်ပိုင်းတို့တွင် လောက်ကိုင်မြို့နယ် အနီးတစ်ဝိုက် လှုပ်ရှား လျက်ရှိသော ကိုးကန့်သောင်းကျန်းသူ
အင်အားစုများနှင့် တပ်မတော် စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိစစ်သည်(၁)ဦး
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့၍ ၇ ဦးဒဏ် ရာရရှိခဲ့ကာ ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အလောင်း
၂လောင်း၊ လက်နက်ငယ် ၇ လက်နှင့် ခဲယမ်း ဆက်စပ် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment