ချစ်ခင်လေးစားအပ်ပါသော
ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ အားလုံး
မင်္ဂလာပါခင်ဗျား။
ယနေ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ကျရောက်
သော(၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား သို့
သဝဏ်လွှာပေးပို့ခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါသည်။
လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်၊
ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပကာ
စော်ဘွားများ အုပ်ချုပ် သည့်စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးရန်
ဆုံးဖြတ်ခဲ့ကြပါ သည်။ ၁၉၅ဝ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင်
ရန်ကုန်မြို့၌ကျင်းပသော သတ္တမအကြိမ်မြောက် ချင်းရေးရာ ကောင်စီ ညီလာခံတွင်
ချင်းအမျိုးသားနေ့သတ်မှတ်ရေး အဆိုများ တင်သွင်းမှုအပေါ် တက်ရောက်လာသော အမတ် အားလုံး၏
ဆန္ဒကိုရယူလျက် ဖလမ်းမြို့တွင် လူထုညီလာခံ ကျင်းပခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကို
''ချင်း အမျိုးသားနေ့''အဖြစ် ရွေးချယ်သတ်မှတ် အတည်ပြုခဲ့ပါ သည်။ ၁၉၄၈ ခုနှစ်ကို
အစပြု၍ သတ်မှတ်ခဲ့သော ချင်းအမျိုးသားနေ့သည် ယခုနှစ်ဆိုလျှင် (၆၇)နှစ်
ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
ချင်းပြည်နယ်သည် သဘာဝပထဝီအနေအထားအရ
မြောက်မှတောင်သို့ သွယ်တန်းနေသော အနောက်ရိုးမ၊ ဘင်္ဂလား ပင်လယ်အော် သို့ စီးဝင်နေသော
ကုလားတန်မြစ်၊ ရှားပါး အပင်များပေါက်ရောက်ရာနှင့် ရှားပါးသတ္တဝါများ ခိုအောင်းရာ
နတ်မတောင်၊ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားသော စစ်မြေပြင် ကနေဒီတောင်ထိပ်၊ လှပသော
ရိဒ်ရေကန်၊ တသွင်သွင်စီးဆင်းနေသော မဏိပူရမြစ်၊ ဘွေနုမြစ်၊ ဘုံတလာရေတံခွန် စသည့်
သဘာဝအရင်း အမြစ်များနှင့် မြေပေါ်မြေအောက်သယံဇာတများ တည်ရှိရာ နေရာတစ်ခုဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ချင်းပြည်နယ်၏
လူ့ စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အခြေခံပညာကျောင်းများကို
တိုးချဲ့ဖွင့် လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာ အဆောက်
အအုံများပြုပြင်ပေးခြင်းနှင့် အသစ်ဆောက်လုပ်ပေးခြင်း၊ ဆရာ ဆရာမများ
တိုးချဲ့ခန့်ထားပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိသည့်အပြင်
ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ
တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်း တို့ကိုလည်း ဆောင်ရွက်
ပေးလျက်ရှိပါသည်။
ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့်
ချင်းပြည်နယ်ရှိ ပြည်သူများမျှော်လင့်တောင့် တနေသော ချင်းပြည်နယ်အနှံ့ အပြား
မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
လမ်းပန်း ဆက် သွယ်ရေး ကောင်းမွန်စေရေးအတွက် ပြည်မနှင့် လွယ်ကူစွာဆက်သွယ်
သွားလာနိုင်သော အဝေးပြေး လမ်းများနှင့် ပြည်နယ် တွင်း လမ်းများကို
တိုးချဲ့ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ချင်းပြည်နယ်မှ နိုင်ငံ ရပ်ခြားအထိ
ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလား တန်မြစ်ဝှမ်းဖွံ့ဖြိုးရေး နှင့်
ပလက်ဝမြို့ ဆိပ်ကမ်းတည်ဆောက်ခြင်း တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုလုပ်ငန်းများသည် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ အနာဂတ်လူမှု
စီးပွားဘဝတိုးတက်ရေးအတွက် အခြေခံ ကောင်းများဖြစ်ပါသည်။
ချင်းပြည်နယ်တွင် သွားလာရန်ခက်ခဲသော သဘာဝ
မြေမျက်နှာပြင်နှင့် မြင့် မားသော တောင်တန်း၊ တောင်စွယ် များတည်ရှိခြင်းကြောင့်
ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ များကြုံတွေ့နေရသော်
လည်း နိုင်ငံတော် အနေဖြင့် ပြည်နယ်တိုးတက်ရေးအတွက်
ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ချင်းပြည်နယ် အတွင်းရှိ
တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့နှင့်အတူ
လက်တွဲကြိုးပမ်းဖော်ဆောင် သွားကြရန်လိုအပ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို
အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်
တည်ဆောက်ရာတွင် တိုင်းရင်းသား အားလုံး တန်းတူရည်တူပါဝင်ဖော်ဆောင်နိုင်မှုသည်
လွန်စွာအရေးပါလှပါသည်။ ထိုသို့တည်ဆောက်လျက် ရှိရာတွင် ချင်းပြည်နယ်အတွင်းရှိ
တိုင်းရင်းသားပြည်သူ များအားလုံးကလည်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်း
ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလျက် သဝဏ်လွှာ ပေးပို့လိုက်ပါသည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတ
No comments:
Post a Comment