Thursday, February 19, 2015

ပြည်သူ့လွှတ်တော်အစည်းအဝေး ရန်ကုန်-မန္တလေး အဝေးပြေးလမ်း(လမ်းဟောင်း)မှာ နိုင်ငံတကာ ဆက်သွယ်ရေး လမ်းကြောင်းဖြစ် လမ်းအမှတ် အသားနှင့် သတိပေးဆိုင်းဘုတ်များ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ တပ်ဆင်ထား

နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ အစီအစဉ်ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။



အစည်းအဝေးတွင် ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခမိုင်မုန်ကွမ်း(ခ)ဒူဝါခ မိုင်တန်က ''နိုင်ငံသူ၊ နိုင်ငံသားများ အိုးအိမ်မြေဂရန်နှင့် အိမ်ခြံမြေဂရန် များကို လျှောက်ထားတောင်းခံရန် မလိုဘဲ အထူးစီမံချက်ချမှတ်၍ တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် အိုးအိမ်မြေဂရန်၊ အိမ်ခြံမြေဂရန်များ ပြုလုပ်ပေးရန်''နှင့် ပေါက်မြို့နယ် မဲဆန္ဒနယ်မှ ဦးခင်မောင်ညိုက ''နိုင်ငံ့ ဝန်ထမ်းများအဖြစ် အမှန်တကယ် အလုပ်လုပ်ကိုင်လို၍ အလုပ်လျှောက် ထားလာသည့် အသက် (၃ဝ/၃၅)နှစ် ခန့် ဘွဲ့ရပြီးသူများအား နိုင်ငံ့ဝန်ထမ်း အဖြစ် ဦးစားပေးခန့်ထားရန် အစီစဉ် ရှိ၊ မရှိ''တို့ကို မေးမြန်းခဲ့ကြသည်။
ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က မြေဂရန် ရယူလိုသူသည် မြေစီမံခန့်ခွဲ သောရုံး၊ ဌာနများသို့ လျှောက်ထားရန် လိုအပ်ပါကြောင်း၊ မြေစီမံခန့်ခွဲမှု ပြုလုပ်နေသော ရုံး၊ ဌာနအသီးသီးမှ လည်း အတတ်နိုင်ဆုံး လုပ်ငန်းစဉ် များကိုဖြေလျှော့၍ လျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြေငှားစာချုပ် လျှောက်ထားခြင်း၊ လျှောက်ထားမှု မပြုခြင်းတို့သည် မြေအသုံးချသူ၏ သဘောဆန္ဒ အတိုင်း လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိသောကိစ္စရပ်ဖြစ်သည့်အတွက် မြေ ငှားစာချုပ် လာရောက်လျှောက်ထား ခြင်းမရှိဘဲ အိမ်တိုင်ရာရောက် သွား ရောက်စစ်ဆေးပြီး မြေငှားစာချုပ် ပြုလုပ်ပေးခြင်းကိုဆောင်ရွက်ပေး၍ မရပါကြောင်းဖြင့် ရှင်းလင်းပြော ကြားသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန သည် ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင် မြေ၊ အစိုးရမြေ၊ စကွာတာမြေ၊ လိုင်စင်မြေအမျိုးအစားများအနက် အစိုးရပိုင်မြေများကိုသာ ဂရန်ထုတ် ပေးကြောင်း သိရသည်။ ယင်းသို့ ထုတ်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ နေပြည်တော်ကောင်စီတွင် နေပြည် တော်စည်ပင်သာယာရေးကော်မတီ နှင့် ကျန်မြို့နယ်များတွင် ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြေငှားလိုင်စင်နှင့် မြေ ငှားစာချုပ်များ ဆောင်ရွက်ပေးနေ ကြောင်း ဒုတိယဝန်ကြီးဦးစိုးတင့်က ၄င်း၏ ဖြေကြားချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပေါက်မြို့နယ် မဲဆန္ဒနယ်မှ ဦးခင် မောင်ညို၏ မေးမြန်းချက်နှင့်စပ်လျဉ်း ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာကျော်ကျော်ဌေးက ပြည် ထောင်စုရာထူးဝန်အဖွဲ့၏ ယနေ့အထိ တိုင် ကျင့်သုံးလျက်ရှိသော မူဝါဒ ဆုံးဖြတ်ချက်မှာ ပြန်တမ်းဝင်အရာရှိ အဆင့် စတင်ခန့်ရာထူးအတွက် အသက်သတ်မှတ်ချက်ကို ပြင်ပပုဂ္ဂိုလ် ဖြစ်ပါက (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက (၄ဝ) နှစ်ထက် မကျော်လွန်စေရဟူ၍ ယေဘုယျအားဖြင့် သတ်မှတ်ထားရှိပြီး ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီး တို့မှလည်း သတ်မှတ်ထားသည့် အတိုင်း အဆိုပြုလျက်ရှိပါကြောင်း၊ ယင်းသတ်မှတ်ချက်သည် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်း ပါ အသက်(၃ဝ/၃၅)နှစ်ထက် ပို၍ အသက်ကန့်သတ်ချက်ကို (၃၅/၄ဝ)ဟူ၍ အခွင့်အလမ်းပေးထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ရာထူးဝန်အဖွဲ့သည် အရည်အချင်း ရှိသူကို ဦးစားပေးသည့်စနစ် (Meritocracy)ကို ကျင့်သုံးလျက် ရှိကြောင်း၊ ရေးဖြေစာမေးပွဲ သုံး ဘာသာ(မြန်မာ၊ အင်္ဂလိပ်စာ၊ အထွေ ထွေဗဟုသုတ) ဖြေဆိုအောင်မြင်ပြီး သူများအား လူတွေ့၊ နှုတ်ဖြေစစ်ဆေး မှုပြုလုပ်ရာတွင် အရည်အချင်းတူညီ နေပါက အသက်ကြီးသူကိုဦးစားပေး ရွေးချယ်လျက်ရှိသည်သာမက လမ်း ပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံ ခေါင်သီသောဒေသများမှ လူငယ်များ ကို ဦးစားပေးရွေးချယ်ပေးလျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် ဒိုက်ဦး မြို့နယ် မဲဆန္ဒ နယ်မှ ဦးမင်းဆွေက ''ရန်ကုန်- မန္တလေးအမြန်လမ်းမသစ်ကြီးကဲ့သို့ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် အခြားလမ်းမကြီးများတွင် မိုင်နှုန်း ကန့်သတ်ပေးခြင်း၊ လမ်းအမှတ် အသားနှင့် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားခြင်း၊ စည်းကမ်းထိန်း သိမ်းခြင်းနှင့် အရေးယူဆောင်ရွက် ခြင်းတို့ကို ပြုလုပ်ပေးပါရန်'' အဆို တစ်ခုကို တင်သွင်းခဲ့သည်။
ယင်းအဆိုအပေါ် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က ရန်ကုန်-မန္တလေးအမြန်လမ်းမသစ် ကြီးကဲ့သို့ ရန်ကုန်-မန္တလေး အဝေး ပြေးလမ်း(လမ်းဟောင်း)နှင့် အခြား လမ်းမကြီးများတွင် မြို့ရွာများ ဖြတ် သန်းသွားလာသည့် နေရာများနှင့် အန္တရာယ်ရှိသော လမ်းကွေ့များတွင် သာ မိုင်နှုန်းကန့်သတ်ချက် သတိပေး ဆိုင်းဘုတ်များကို တပ်ဆင်အသုံးပြုခဲ့ ပါကြောင်း။
ရန်ကုန်-မန္တလေး အဝေးပြေးလမ်း (လမ်းဟောင်း)မှာ နိုင်ငံတကာဆက် သွယ်ရေးလမ်းကြောင်းဖြစ်၍ အာရှ-အာဆီယံလမ်းမကြီး၏ အစိတ်အပိုင်း ဖြစ်သည်နှင့်အညီ လမ်းအမှတ် အသားနှင့် သတိပေးဆိုင်းဘုတ်များ အား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီတပ်ဆင်ထားပြီး ဖြစ်ပါကြောင်း နှင့် လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့်အဆိုသည် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စဖြစ်သဖြင့် အလေးအနက်ထောက်ခံဆွေးနွေးပါ ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းများ၌ ယာဉ်စည်းကမ်းထိန်းသိမ်း ခြင်း၊ အရေးယူဆောင်ရွက်ခြင်းလုပ် ငန်းများကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းညွှန်ကြားမှု ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ် ဖွဲ့တို့နှင့်အတူပူးပေါင်းကာ ပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ စစ်ဆေး ကြပ်မတ်ခြင်း၊ အပြစ်ပေးအရေးယူ ခြင်းများကို လမ်းမကြီးများဥပဒေနှင့် အညီဆောင်ရွက်နေကြောင်း သိရ သည်။

2 comments:

  1. တတားဦး မြေစာရင်းရုံး မှာ မြေဂရန်လျောက်ရန် ကိုပင် အခက်အခဲ နှငိ့ တာဝန်ယူမှူလျော့ နေသောကြောင့် ကျတော် ကိုယ်တိုင်မြေဂရန်လျောက်ရန်အခက်ခဲဖြစ်နေကြောင်း အကြောင်းမှာ မြေစာရင်းရုံးမီးလောင်မှူကိုပဲ ဦးတည်ပြီး ဂရန်မရနိင်ကြောင်း ဖြစ်နေပါတယ် တာဝန်ရှိ လူကြီး မိဘများ ကူညီ လုပ်ဆောင်ပေးကြပါ ဂရန်ရမှာ ချေးငွေထုတ်နိင်ပြီး စီးဟွားရေး လည်းချဲ့ထွင်နိင်ကာ တစ်ဖက်တစ်လမ်းနိင်ငံအတွက် အထောက်အပံ့ များ လည်း အထောက်အကူပြုနိင်ပါတယ် ခင်ဗျား

    ReplyDelete
  2. တတားဦး မြေစာရင်းရုံး မှာ မြေဂရန်လျောက်ရန် ကိုပင် အခက်အခဲ နှငိ့ တာဝန်ယူမှူလျော့ နေသောကြောင့် ကျတော် ကိုယ်တိုင်မြေဂရန်လျောက်ရန်အခက်ခဲဖြစ်နေကြောင်း အကြောင်းမှာ မြေစာရင်းရုံးမီးလောင်မှူကိုပဲ ဦးတည်ပြီး ဂရန်မရနိင်ကြောင်း ဖြစ်နေပါတယ် တာဝန်ရှိ လူကြီး မိဘများ ကူညီ လုပ်ဆောင်ပေးကြပါ ဂရန်ရမှာ ချေးငွေထုတ်နိင်ပြီး စီးဟွားရေး လည်းချဲ့ထွင်နိင်ကာ တစ်ဖက်တစ်လမ်းနိင်ငံအတွက် အထောက်အပံ့ များ လည်း အထောက်အကူပြုနိင်ပါတယ် ခင်ဗျား

    ReplyDelete