မြိတ် ဖေဖော်ဝါရီ ၁၄
မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ရှုံးဆုံးခြင်းမှ
ကာကွယ်နိုင်ရန်နှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဖေဖော်ဝါရီလ(၁၄)ရက် နံနက်(၉)နာရီက
မြိတ်မြို့ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲတွင်
အသိပညာပေးခြင်းနှင့်ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်
ပတ်သက်၍ အသိပညာပေးဟောပြောပြီး မြိတ်မြို့ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
သိုလှောင် ဖြန့်ဖြူးရေး ဌာနခွဲ မန်နေဂျာ ဦးမျိုးဝင်းက Petroleum Products Handling
Process & Safety Procedure များနှင့် ပတ်သက်၍ ပညာပေး ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြိတ်မြို့ မြန်မာ့ရေနံ ထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ ဝန်ထမ်းများ၊ လေယာဉ်ဆီဌာနစိတ် ဝန်ထမ်းများသည် မီးသတ်ဦးစီးဌာနမှ
မီးသတ်သတ်ဖွဲ့ဝင်များနှင့် ပူးတွဲ၍ ဆီမီးလောင်မှုကို FOAM TYPE မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်
ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးငြိမ်းသတ်ယာဉ် (၃)စီးဖြင့် အမြုပ်လုပ်မီးသတ်ခေါင်း FOAM
MAKING BRANCE လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဆီသိုလှောင်ကန် မီးငြိမ်းသတ်ရေး
TANK FIRE FIGHTING လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြရာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးအောင်ကျော်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း
သိရှိရသည်။
No comments:
Post a Comment