ရိခေါဒါရ် ဖေဖော်ဝါရီ ၁၃
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊
ဓာတ်ပုံပြပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ
၁၁ ရက် ညနေ ၃ နာရီအချိန်တွင် ရိခေါဒါရ်မြို့နယ် သီးကျဲရ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌
ကျင်းပသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ဒုတိယဦးစီး ဦးလာလ်ပက်လောမ်က ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရယူရန် ကြိုးပမ်းဆောင်ရွက်မှုများ၊
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နှုတ်ချက်များနှင့် ဒီမိုကရေစီကျင့်စဉ်များကို
ဟောပြောဆွေးနွေးပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုများပေးအပ်ချီးမြှင့်ကာ ကျောင်းသား/သူများက
ပြသထားသည့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကြည့်ရှုလေလာခဲ့ကြောင်း သိရသည်။
No comments:
Post a Comment