Friday, February 27, 2015

အရှိန်လွန်ယာဉ် တံတားအောက်သို့ ထိုးကျတိမ်းမှောက်


ကသာ ဖေဖော်ဝါရီ ၂၆
ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံး ယာဉ်/စည်းမှ ရဲတပ်ကြပ်ကြီးအောင်ဝင်းသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ယာဉ်တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေး ခဲ့ရာ
သိမ်အင်းကျေးရွာဘက်မှ ကသာမြို့တွင်းသို့ ဝင်းလှိုင်မောင်းနှင်လာသည့် Hilus Surf အမျိုးအစား အမှတ် YGN-SF/..... အဖြူရောင်ယာဉ်သည် ကသာမြို့ ပြည်သာယာတံတားအလယ်အရောက် ဝဲဘက်သို့ အရှိန်လွန်၍ တံတားလက်ရမ်းတိုင်ကို ဝင်တိုက်မိပြီး တံတားအောက်သို့ ထိုးကျကာ ညာဘက် သို့စောင်းလျက်အနေအထား စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရ အရေးယူ ပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။
ယာဉ်မဆင်မခြင်မောင်းနှင်သူ ဝင်းလှိုင် (၄၃ နှစ်) ရပ်ကွက် (၆) ကသာမြို့ နေသူအား ကသာမြို့မရဲစခန်းက အမှုဖွင့်ပြီး ရဲအုပ်သိန်းထိုက်က စစ်ဆေး လျက်ရှိကြောင်း သိရသည်။ 
ဦးရဲ(ကသာ)

No comments:

Post a Comment