Friday, February 27, 2015

နေပြည်တော်ပရဆေးဥယာဉ်အနီး ယာဉ်တစ်စီးမီးလောင်


နေပြည်တော် ဖေဖော်ဝါရီ ၂၆
ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ပရဆေးဥယျာဉ်အနီး၌ ယာဉ် အမှတ် 4A/------- တိုယိုတာ ဟိုင်းအေ့စ် ယာဉ်တစ်စီး မီးလောင် ကျွမ်းခဲ့သည်။

အဆိုပါယာဉ်သည် တောင်ညိုမှ နေပြည်တော်ဘက်သို့ မောင်းနှင်လာ ခြင်းဖြစ်ပြီး ပရဆေးဥယျာဉ်အနီး၌ ယာဉ်အောက်ပိုင်းမှ စတင်မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''ကျွန်တော်တို့ သတင်းရရချင်း ရောက်လာခဲ့ပါတယ်။ ဆီမီးသတ် ယာဉ်နှစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးနဲ့ ကြိုးကြိုးစားစားငြှိမ်းသတ်နေပါတယ်။ ပထမအမြှုပ်မီးသတ်ဆေးဘူးနဲ့ ငြှိမ်း သတ်ပြီးမှ ရေနဲ့ငြှိမ်းသတ်ခဲ့တာ ဖြစ်ပါ တယ်။ လူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခြင်းမရှိပါဘူး''ဟု မီး လောင်မှုဖြစ်ပွားသည့် နေရာတွင် မီးငြှိမ်းသတ်နေသည့် မီးသတ်ဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီ နေသည့် ပြည်သူတစ်ဦးက ''အခု နွေရာသီရောက်ခါနီးလို့ အပူချိန်က တဖြည်းဖြည်း မြင့်လာဦးမယ်။ မော်တော်ကားတိုင်းမှာ မီးငြှိမ်းသတ်ဆေး ရည်ဘူးတွေ အဆင်သင့်ဆောင်ထား သင့်ပါတယ်။ ယာဉ်ရဲ့ ဝိုင်ယာရိန်း စနစ်တွေ၊ အင်ဂျင်အပူကိုထိန်းတဲ့ စက်အစိတ်အပိုင်းတွေကို သေသေ ချာချာစစ်ဆေးပြီး ပြုပြင်ထားသင့် တယ်ဗျ''ဟု ၄င်း၏အမြင်ကို ပြောကြား ခဲ့သည်။

No comments:

Post a Comment