ကျောက်ဆည်၊ ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးကာ ကျောက်ဆည်
ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ တံတားဦးနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင်
အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်း သုံးသပ်ဆွေးနွေးပွဲကို
ဖေဖော်ဝါရီလ (၂၀)ရက် နံနက်(၉)နာရီက ကျောက်ဆည်မြို့ ရွှေဖောင်ဒေးရှင်း ခန်းမတွင် ကျင်းပခဲ့ကြောင်း
သိရှိရသည်။
မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး
မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးနိုင်အောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင် အထည်ဖော်ရေး
ကော်မတီဥက္ကဌ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်က ခရိုင်အတွင်း အကောင် အထည်ဖော်ဆောင် ရွက်လျှက်
မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို ရှင်းလင်းပြောကြားပြီး စီမံကိန်းဆောင်ရွက်လျှက် ရှိသော
ကျေးရွာများ မှ ကော်မတီ များက ကျေးရွာတစ်ရွာချင်း အလိုက် အခက်အခဲ၊ အားနည်းချက်များ၊ အားသာချက်များ ကို
ဆွေးနွေးကြသည်။
ဆက်လက်ပြီး ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ တံတားဦးနှင့် ပုသိမ်ကြီးမြို့နယ်များမှ
မြို့နယ်အဆင့် အကောင် အထည်ဖော်ရေး ကော်မတီဥက္ကဌများ၊ ခရိုင်အဆင့် အကောင်အထည်ဖော်ရေးကော်မတီ
အဖွဲ့ဝင်များနှင့် မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင်များက တစ်မြို့နယ်ချင်းအလိုက်
ဆွေးနွေးကြပြီး တိုင်းဒေသကြီး အကောင် အထည်ဖော်ရေးကော်မတီဥက္ကဌက တင်ပြဆွေးနွေးချက်များနှင့်
ပတ်သတ်ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် မြစိမ်းရောင်ကျေးရွာ
စီမံကိန်းများကို ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ ပုသိမ်ကြီး မြို့နယ်များတွင် (၁)ရွာစီနှင့်
တံတားဦးမြို့နယ်တွင် (၅)ရွာ စုစုပေါင်း (၉)ရွာကို အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း
သိရှိရသည်။
No comments:
Post a Comment