Tuesday, February 17, 2015

လောက်ကိုင်ဒေသမှ ပညာရေး ၀န်ထမ်းများကို တွေ့ဆုံပြီး နှစ်သိမ့်အားပေးစကား ပြောကြား






လားရှိုး ဖေဖော်ဝါရီ ၁၇ 

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးသန့်ရှင်း သည်ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ညနေ(၃)နာခွဲ အချိန်က လားရှိုးမြို့ ပြည်နယ် ပညာရေးရိပ်သာတွင် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ အမှတ်(၂) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်၊ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးစိန်အုပ်၊ ရှမ်းပြည်နယ်ပညာရေး
ညွှန်ကြားရေးမှူးရုံး (ရုံးခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲညွှန့်နှင့် ပညာရေး ၀န်ထမ်းများကိုတွေ့ဆုံပြီး လောက်ကိုင်ဒေသမှ ပညာရေးဝန်ထမ်းများ၏ အခြေအနေကို မေးမြန်းရာ အမှတ်(၂) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လားရှိုးမြို့သို့ ရောက်ရှိနေသည့် ဆရာ/ ဆရာမများ နေထိုင် စားသောက်တည်းခို နေရာချထားမှုများနှင့် စာမေးပွဲဖြေဆိုရန် စာစစ်ဌာနများ လျာထား စီစဉ်ထားရှိမှုများကို လည်းကောင်း၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူးက လောက်ကိုင်ဒေသနယ်မြေ အခြေ အနေများကို လည်းကောင်း ရှင်လင်း တင်ပြကြသည်။
ဆက်လက်ပြီး ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများသည် လားရှိုးမြို့၊ အ.ထ.က(၁)၊ မြစန္ဒာခန်းမတွင် လောက်ကိုင် ဒေသမှ တိမ်းရှောင်လာသည့် ပညာရေးဝန်ထမ်းများကို တွေ့ဆုံပြီး နှစ်သိမ့်အားပေး စကားပြော ကြား၍ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများထံမှ ကြုံတွေ့လာရသည့် အခက်အခဲများကို မေးမြန်းပြီးနောက် လားရှိုး အထွေထွေရောဂါ ကုသရေးဆေးရုံတွင် တက်ရောက် ဆေးကုသနေသော ပညာရေးဝန်ထမ်း ဆရာ (၂)ဦး၊ ဆရာမ(၅)ဦးတို့အား သွားရောက် ကြည့်ရှု၍ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါ ကြောင်း သိရှိရသည်။
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်တစ်ဝိုက်တွင် တပ်မတော် စစ်ကြောင်းများနှင့်ကိုးကန့် တိမ်းရှောင် အဖွဲ့တို့ ထိတွေ့မှုဖြစ်စဉ်များကြောင့် အဆိုပါ ဒေသတွင် သွားရောက်၍ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေကြသည့် အလုပ်သမားများနှင့် မိသားစုဝင်များ၊ ၀န်ထမ်းများနှင့် မိသားစုဝင်များသည် နေရပ် ဒေသအသီးသီးသို့ ပြန်လည် ထွက်ခွာလာကြပြီး ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့သို့ ထပ်မံ ရောက်ရှိလာရာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်အုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်မိုး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင် မောင်လွင်တို့က တည်းခိုနေထိုင် စားသောက်ရေး အဆင်ပြေစေရန် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် နေရာ ချထားပေးပြီး စေတနာရှင် အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များက အစားအသောက်များ၊ ထမင်းထုပ် များ၊ အ၀တ်အထည်များ ပေးအပ် လှူဒါန်းခဲ့ပါသည်။
ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အဆိုပါ နေရပ်သို့ ပြန်ကြမည့် စစ်ရှောင် အဖွဲ့များသည် ၄င်းတို့ တည်းခိုရာ နေရာများမှ တဆင့် နေရပ်သို့ပြန်ကြရာ မော်တော်ယာဉ်(၁၃)စီးဖြင့် နေရပ်ပြန်ကြသူ(၄၆၂)ဦး ရှိပြီဖြစ်ကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေး ကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်ကြည် က ပြောကြား သည်။

No comments:

Post a Comment