နေပြည်တော်
ဖေဖော်ဝါရီ ၁၇
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်
အဆောက်အအုံ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်
ဦးသိန်းထွန်းဦး က လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း
သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း
ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြား တင်ပြသည်။
ထို့နောက် မြေအသုံးချမှု စီမံခန့်ခွဲရေး
ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လယ်ယာမြေနှင့်
အခြားမြေများ သိမ်းဆည်းခံရခြင်းနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်၏
ဖြေရှင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် စပ်လျဉ်း၍ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟိုကော်မတီအား
အထောက်အကူပြုနိုင်ရန်၊ မြေပြင်တွင် လုပ်ငန်း ကဏ္ဍအလိုက် သိသာထင်ရှားသည့် တိုးတက်မှု အကျိုးရလဒ်များ
ရရှိအောင် ဆောင်ရွက်နိုင်ရန်နှင့် အတားအဆီး အခက် အခဲဖြစ်နေသည့် ပြဿနာ ကိစ္စရပ်များကို
ညှိနှိုင်း ဖြေရှင်းနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်၊ ခရိုင်၊ မြို့နယ်နှင့်
ရပ်ကွက်/ကျေးရွာအုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်ကို ပြည်ထောင်စုအစိုးရ အနေဖြင့်
ဖွဲ့စည်းပေး ခဲ့ပါကြောင်း။
မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီသည်
ပြည်ထောင်စု လွှတ်တော်စုံစမ်းရေး ကော်မရှင်က ပေးပို့သည့် အစီရင်ခံစာ များပါ မြေကိစ္စများကို
အချိန်မီ ဖြေရှင်း ပြီးပြတ်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မူဝါဒငါးရပ်နှင့် လုပ်ငန်းစဉ်လေးရပ်
ချမှတ်ပေးခြင်း၊ သိမ်းဆည်းမြေယာ လုပ်ထုံးလုပ်နည်းများကို ဥပဒေနှင့် အညီ ရေးဆွဲဖြန့်
ဝေခြင်း၊ သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပေးသွားမည့် အစီ အမံများကို ပြည်သူများ
ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် သတင်းစာ၊ ဂျာနယ်၊ မီဒီယာ များမှတစ်ဆင့် သတင်းထုတ်ပြန်ပေးခြင်း၊
သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း၊ မြေရယူ အသုံးချထားသည့် ပြည်ထောင်စု ၀န်ကြီးဌာနများ၊
အဖွဲ့အစည်း များနှင့် ပုဂ္ဂလိကတို့မှ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများကို မူလလုပ်ကိုင်ခဲ့သည့်
သက်ဆိုင်သူများထံသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးလွှဲပြောင်းပေးအပ်နိုင်ရေး
အတွက် ကော်မတီ အဆင့်ဆင့်က ကြီးကြပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။
မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌကိုယ်တိုင်
တိုင်းဒေသကြီးနှင့် ပြည် နယ်များသို့ကွင်းဆင်း၍ ပြန်လည် စွန့်လွှတ် သည့် လယ်ယာမြေများကို
မူလ လုပ်ကိုင်ခဲ့သည့် တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ခြင်း၊ အတွင်းရေးမှူး ဦးဆောင်
သည့်အဖွဲ့ဖြင့်လည်း တိုင်းဒေသကြီး၊ပြည်နယ်များသို့ကွင်းဆင်း၍ ထိရောက် လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်
ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ညှိနှိုင်းဆောင်ရွက်ခြင်းတို့
ဆောင်ရွက်ခဲ့ ပါကြောင်း။ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီအနေဖြင့် အစီရင်ခံစာ
အပိုင်း ၄၊၅၊၆၊၇ တွင် စိစစ်ဆဲဖြစ်သည့် မြေကိစ္စ ၁၇၁၂ မှု၊ အစီရင်ခံစာအပိုင်း ၈ အဖြစ် သတ်မှတ်ထားသည့်
မြေကိစ္စ ၂၆၁၀ မှုနှင့် အစီရင်ခံစာအပိုင်း ၉ အဖြစ် သတ်မှတ် ထားသည့် မြေကိစ္စ ၁၈၀၆ မှုတို့ကို
အမြန်ဆုံး စိစစ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော်
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရ မှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်း ရေးကော်မရှင်က
ပေးပို့သည့် မြေကိစ္စရပ်များကို စိစစ်ပြီး ပြန်လည်စွန့်လွှတ်သည့်မြေ များကို အမှန်တကယ်နစ်နာဆုံးရှုံးခဲ့သည့်
သက်ဆိုင်သူများသို့ ပြန်လည်လွှဲပြောင်း ပေးလျက်ရှိသကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်
ပုဂ္ဂလိကအဖွဲ့ အစည်းများမှ ပြန်လည်စွန့်လွှတ်သည့် မြေများကို သီးခြား စွန့်လွှတ်မြေများ
အဖြစ် သတ်မှတ်၍ သက်ဆိုင်သူများ ထံ ပြန်လည်လွှဲပြောင်း ပေးအပ်လျက် ရှိပါကြောင်း။
မြေသိမ်းဆည်းခံရ၍ အမှန်တကယ်နစ်နာသူ ပြည်သူများအနေဖြင့်
မိမိတို့ သိမ်းဆည်းခံရသည့်မြေများသည် ပြန်လည် စွန့်လွှတ်သည့် မြေများတွင် ပါဝင်ခြင်းရှိ၊မရှိ
သက်ဆိုင်ရာမြို့နယ်နှင့် ရပ်ကွက်ကျေးရွာ အုပ်စု မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ရုံးများတွင် စုံစမ်းပြီး ပြန်လည်စွန့်လွှတ်မြေများတွင် ပါဝင်ပါက သက်ဆိုင်ရာမြေအသုံးချမှု
စီမံခန့်ခွဲရေးကော်မတီများ ထံမှ မြေပိုင်ဆိုင်ခွင့် အထောက်အထားများနှင့်တကွ ခိုင်ခိုင်
မာမာ လွှဲပြောင်းရယူကြရန် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
အဆိုပါရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍
ရန်ကုန်တိုင်းဒေသကြီး လယ်ယာ မြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည် က ပြည်ထောင်စု လွှတ်တော်ကဖွဲ့စည်း
ထားသည့် ကော်မရှင်အဖွဲ့နှင့် ဗဟိုကော်မတီအဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံဆွေးနွေး အဖြေ ရှာရန်လိုအပ်မည်ဟု
ထင်မြင်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဖွဲ့ခွဲ (၁၁)ဖွဲ့ ရှိပါကြောင်း၊
၎င်းအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်ဆက် တွဲဆွေးနွေးညှိနှိုင်းရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ သို့မှသာ စာရင်း ဇယားများမှန်ကန်မှု ရရှိမည်ဖြစ်ပါကြောင်းဖြင့်
ဆွေးနွေးသည်။
လွတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က မြစ်ကူးကျောင်းတော်ရာရှိ
အထက်တန်း ကျောင်းမြေနေရာ ကိစ္စ၊ အောင်လံမြို့ ရှိ မြ၀တီစက်သုံးဆီ အရောင်းဆိုင် မြေနေရာကိစ္စနှင့်
စလင်းရှိ မူလတန်းကျောင်းမြေ နေရာများအား ပြန်လည် သုံးသပ်သင့် ပါကြောင်းဖြင့် ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစုံစမ်းရေး
ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်က အောက်ခြေရှိ ရပ်ကွက် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များနှင့်
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ၏ လွဲမှားစွာ ဆောင်ရွက်မှု များကို တွေ့မြင် ရပါကြောင်း၊
အောက်ခြေ အဖွဲ့အစည်းများ မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊
လယ်ယာမြေ စုံစမ်းရေးတာဝန်ရှိသူများ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ရန် အောက်ခြေ အဖွဲ့အစည်းများအား
ကြပ်ကြပ်မတ်မတ် လမ်းညွှန်ပေးရန် တိုက်တွန်းပါကြောင်းဖြင့် ဆွေးနွေးပြီး မြေအသုံးချမှု
စီမံခန့်ခွဲရေး ဗဟိုကော်မတီအတွင်းရေးမှူး ၏ ရှင်းလင်း တင်ပြချက် များအား လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
No comments:
Post a Comment