နေပြည်တော်
ဖေဖော်ဝါရီ ၁၇
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ကိုကိုဦးသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက် (၁၀) နာရီတွင် အဆိုပါ ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌
ကျင်းပသည့် ထူးဖောင်ဒေးရှင်းမှ အစိုးရစက်မှုလက်မှု သိပ္ပံ (ပူတာအို) သို့ (၂၅) ယောက်စီး
Mini Bus တစ်စီး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက နည်းပညာနှင့် သက်မွေးပညာ
ကဏ္ဍသည် နိုင်ငံတော် တိုးတက် ဖွံ့ဖြိုးရေးအတွက်
အလွန်ပင် အရေးကြီးပါကြောင်း၊ အရည်အချင်း ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ
မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ လက်တွေ့ လုပ်ဆောင်ရန်လိုအပ်သော
စက်ပစ္စည်းများ၊ ကွန်ပျူတာ များ၊ အရည်အချင်း ပြည့်ဝသည့် ဆရာ၊ ဆရာမများ လုံလောက်မှုရှိစေရန်
ဆောင်ရွက် လျက်ရှိပါကြောင်း။ ဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုးပေးလျက်ရှိသော
ထူးဖောင်ဒေးရှင်းသည် ယခုအခါ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံ(ပူတာအို)
သို့ (၂၅) ယောက်စီး Mini Bus တစ်စီး ပေးအပ် လှူဒါန်းပေးသည့် အတွက် ဆရာ၊ ဆရာမများနှင့်
ကျောင်းသား၊ ကျောင်းသူများ၏ သွားလာရေးအဆင်ပြေ ချောမွေ့မည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုး
တိုးတက်ရေး အတွက်လည်း များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
ထို့နောက် ထူးဖောင်ဒေးရှင်း
နာယက ဦးသီဟက လှူဒါန်းရခြင်း အကြောင်းအား ရှင်းလင်းပြောကြားပြီး အစိုးရ စက်မှုလက်မှု သိပ္ပံ(ပူတာအို)၊
ကျောင်းအုပ်ကြီး(တာဝန်) ထံသို့ မော်တော်ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်း များအား
လွှဲပြောင်းပေးအပ်ရာ ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေက ထူးဖောင်ဒေးရှင်း နာယကအား ဂုဏ်ပြု မှတ်တမ်းလွှာ
ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
No comments:
Post a Comment