နေပြည်တော် ဖေဖော်ဝါရီ ၁၆
၂ဝ၁၅ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ဘောလုံး၊ ရိုးရာလက်ဝှေ့၊ ကြက်တောင်၊ ဘိလိယက်/စနူကာ၊ စစ်တုရင်၊ ခြင်းလုံး၊ စက်ဘီး၊ ဂေါက်သီး၊ တင်းနစ်၊ ဝူရှူး(ဆန်းဆို)နှင့် ခရစ်ကက်ပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ် ထားသည့်နေရာများ၌ ယှဉ်ပြိုင်ကြသည်။
ဂေါက်ရိုက်ပြိုင်ပွဲကို နံနက် ၇နာရီတွင် မြို့တော်ဂေါက်ကွင်း၌ ကျင်းပရာ နောက်ဆုံးနေ့အပြီးတွင် အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ ရန်ကုန်က စုစုပေါင်း ရိုက်ချက် ၈၇၃ ချက်ဖြင့် ပထမ၊ မန္တလေးက စုစုပေါင်းရိုက်ချက် ၈၈၂ ချက်ဖြင့် ဒုတိယ၊ နေပြည်တော်က စုစုပေါင်းရိုက်ချက် ၉ဝ၄ ချက်ဖြင့် တတိယ၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၌ ရန်ကုန်က စုစုပေါင်းရိုက်ချက် ၄၅ဝ ချက်ဖြင့် ပထမ၊ နေပြည်တော်က စုစုပေါင်းရိုက်ချက် ၄၆၈ ချက်ဖြင့် ဒုတိယ၊ ရခိုင်က စုစုပေါင်း ရိုက်ချက် ၄၇၉ ချက်ဖြင့် တတိယ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ ဟိန်းစည်သူ (ချင်း)က စုစုပေါင်းရိုက်ချက် ၂၈၅ ချက်ဖြင့် ပထမ၊ ကျော်သက်ဦး(တနင်္သာရီ)က စုစုပေါင်းရိုက်ချက် ၂၈၈ ချက်ဖြင့် ဒုတိယ၊ ဇော်ဇော်ထွန်း(မန္တလေး)က စုစုပေါင်းရိုက်ချက် ၂၉၂ ချက်ဖြင့် တတိယ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ မေဦးခိုင်(ရန်ကုန်)က စုစုပေါင်း ရိုက်ချက် ၂၂၄ ချက်ဖြင့် ပထမ၊ ဖူးပွင့်ရတီခိုင် (ရန်ကုန်)က စုစုပေါင်းရိုက်ချက် ၂၂၆ ချက်ဖြင့် ဒုတိယ၊ ခင်မာနွယ်(ရခိုင်)က စုစုပေါင်းရိုက်ချက် (၂၂၇)ချက်ဖြင့် တတိယအသီးသီး ရရှိကြသည်။
မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အမျိုးသား (၅၄)ကီလိုတန်းတွင် နာဂစ်မောင်မောင်(စစ်ကိုင်း)က မိုက်ကယ်မိုး (မန္တလေး)ကို ပထမအချီ ၄၄ စက္ကန့်တွင် အလဲ ထိုးဖြင့်လည်းကောင်း၊ အောင်မြင်(မွန်)က အောင်မျိုးမင်းသိန်း(မကွေး)ကို ပထမအချီ ၁ မိနစ်၂၅ စက္ကန့်တွင် အလဲထိုးဖြင့် လည်းကောင်း၊ မိုက်မိုက်(ရန်ကုန်)က မင်းထွဋ် (ဧရာဝတီ)ကို ၁ မိနစ် ၁၃ စက္ကန့်တွင် လည်းကောင်း၊ အမျိုးသား (၆ဝ) ကီလိုတန်းတွင် ပြည့်ဖြိုးအောင် (တနင်္သာရီ)က တတိယအချီတွင် ဆက်လက်မယှဉ်ပြိုင်နိုင်၍ သိန်းညီညီ (ပဲခူး)က လည်းကောင်း၊ စူပါ(ကရင်)က ရန်နိုင်(ကယား)ကို ပထမအချီ ၅ဝ စက္ကန့်တွင် လည်းကောင်း၊ အမျိုးသား (၇၁)ကီလိုတန်းတွင် သန်းကျော်ဌေး (မွန်)က သန်းစိုးဦး (မန္တလေး)ကို ပထမအချီတွင်လည်းကောင်း၊ သွေးသစ် အောင်(ကရင်)က ချင်းလေး (ရန်ကုန်)ကို ဒုတိယအချီ ၁ မိနစ် ၃ဝ စက္ကန့်တွင် အလဲထိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိကြသည်။
အမျိုးသားဘောလုံး အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း(၃/၄)၌ လည်းကောင်း၊ အမျိုးသမီး ဘောလုံးအုပ်စုပွဲစဉ်များကို လယ်ဝေးကွင်း၌လည်းကောင်း ကျင်းပသည်။
ခရစ်ကက်ပြိုင်ပွဲကို နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်းများ၌ ဆက်လက်ကျင်းပသည်။ ဝူရှူး(ဆန်းဆို)ပြိုင်ပွဲ နောက်ဆုံးနေ့ ဗိုလ်လုပွဲစဉ်များ ကို နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ဗ)၌ ကျင်းပရာ အမျိုးသား(၄၈)ကီလိုတွင် ဝေယံလင်း(ပဲခူး)က နောစမ်း(ရှမ်း)ကို လည်းကောင်း၊ အမျိုးသား(၅၆)ကီလိုတွင် သန့်ဇင်အောင်(ရန်ကုန်)က ဝေလင်းအောင် (မန္တလေး)ကို လည်းကောင်း၊ အမျိုးသား(၆ဝ)ကီလိုတွင် သူရိန်လင်း (ရခိုင်)က ရာစုမောင်(မန္တလေး)ကို လည်းကောင်း အသီးသီးအနိုင်ရ ဗိုလ်စွဲကြသည်။
အမျိုးသမီး (၁ဝဝ) ကီလိုမီတာအုပ်စု တစ်ဦးချင်း တာဝေးစက်ဘီးပြိုင်ပွဲကို နံနက် ၆နာရီခွဲတွင် ပျဉ်းမနား-တောင်ညိုလမ်း ဝဏ္ဏသိဒ္ဓိကွင်းထိပ်မှ စတင်တာထွက်ကာ ပြိုင်ပွဲဝင်ကစားသမား ၂၇ ဦး ယှဉ်ပြိုင်ကြသည်။
တင်းနစ်ပြိုင်ပွဲကို နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ တင်းနစ်ကွင်း၌ ကျင်းပရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ မင်းမင်း(မွန်)က အောင်ချမ်းမြေ့(ကရင်)ကို (၆-ဝ၊၆-ဝ)ဖြင့်လည်းကောင်း၊ ဗျတ်ဟုန်းထန်း(ချင်း)က ပီတာဇုံ ဟေးကျုံး (နေပြည်တော်)ကို (၇-၅၊၆-၂)ဖြင့်လည်းကောင်း၊ ပိုင်စိုးဦး(မန္တလေး)က မင်းပိုင်စိုး(ကချင်)ကို (၆-၁၊၆-၁)ဖြင့်လည်းကောင်း၊ ဖြိုးသူလွင်(မန္တလေး)က အောင်ထက်နိုင် (ကချင်)ကို (၆-၁၊၆-ဝ)ဖြင့်လည်းကောင်း၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၌ ပိုင်စိုးဦးနှင့် ဖြိုးသူလွင်(မန္တလေး) အတွဲက လာလျန်းဆုန်းနှင့် ဗျတ်ဟုန်းထန်း(ချင်း)အတွဲကို (၆-၂၊၆-၂)ဖြင့် လည်းကောင်း၊ စိုးမင်းလတ်နှင့် လှိုင်ဝင်း (ရန်ကုန်)အတွဲက ပိုင်စိုးနှင့် မင်းထွန်းအောင် (မွန်)အတွဲကို (၆-၃၊၆-ဝ)ဖြင့်လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၌ ပီတာဇုံဟေးကျုံးနှင့် ဝင့်သဇင်ထိုက် (နေပြည်တော်) အတွဲက မင်းထွန်းအောင်နှင့် အေးအေးအောင်(မွန်)အတွဲကို (၆-၂၊၆-၂)ဖြင့် လည်းကောင်း၊ ဖြိုးသူလွင်နှင့် အက်စ်ကြင်ညိုင်သိန်း(မန္တလေး)အတွဲက ရဲထက်နိုင်နှင့် နင်ဆန်းအောင် (ကချင်)အတွဲကို (၆-ဝ၊ ၆-ဝ)ဖြင့်လည်းကောင်း အသီးသီးအနိုင်ရကြသည်။
စစ်တုရင်ပြိုင်ပွဲကို နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဆိုရှယ်ဇုန်၌ ကျင်းပရာအပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်းပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာစစ်တုရင်လူငယ် ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာစစ်တုရင်အလွတ်တန်းပြိုင်ပွဲများ ယှဉ်ပြိုင်ကြသည်။
No comments:
Post a Comment