ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များဦးဆောင်၍ ငြိမ်းချမ်းစွာပညာ သင်ကြား ရေးနှင့် အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင် ရေးအတွက် ယင်းတို့၏ သဘောထား အမြင်များ ထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ဒဂုံတက္ကသိုလ် ကောင်းညွန့် ခန်းမ၌ ကျင်းပရာ ကျောင်းသား ကျောင်းသူ ၄ဝဝခန့် တက်ရောက်ကြသည်။
အဆိုပါ ထုတ်ဖော်ပွဲတွင် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး နှင့် ဆန္ဒပြကျောင်းသားများအပေါ် အမြင်တို့ကို ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ၃ မိနစ်စီခန့် ထုတ်ဖော် ပြောကြားခဲ့ကြသည်။
''ကျွန်တော် ဒီလိုပွဲမျိုးမှာ ပြောလေ့ပြောထမရှိပါဘူး။ ကျွန်တော် က တိုင်းရင်းသားမို့လို့ စကားပြောရင် နည်းနည်းအခက်အခဲရှိတယ်။ ဆန္ဒ ထုတ်ဖော်ပွဲဆိုတဲ့နေရာမှာ ပြဿနာ မဟုတ်ဘူး။ ဆန္ဒမှာ နှစ်မျိုး နှစ်စား ရှိတယ်။ တစ်ခုက ကိစ္စရပ်တစ်ခု အပေါ်မှာ အများစုက သဘောတူပြီး သား အဲဒါကို အစိုးရနှင့်ဆန့်ကျင်ပြီး ပြတဲ့ဆန္ဒမျိုး၊ နောက်တစ်ခုက တစ်ဦး တစ်ယောက်ချင်းရဲ့ဆန္ဒကို ဆွေးနွေး မှာ အမြင်တူချင်မှတူမယ်'' ဟု ကျောင်းသားတစ်ဦးက ၎င်း၏အမြင် များကို ကျောင်းသားထုအား မျှဝေ ပြောကြားသည်။
''ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသားဦးရေ နှစ်သောင်းခွဲရှိ တယ်။ တချို့ကျောင်းသားတွေက လည်း သပိတ်စခန်းမှာ ပါနေတာပေါ့၊ အဲဒါက ၁ဝ ယောက်၊ ၁၅ ယောက် ထက်တော့ မပိုပါဘူး။ ရာခိုင်နှုန်းအား ဖြင့်ကြည့်ရင် ဒသမ သုညသုညတစ် (ဝ ဒသမ ဝဝ၁) လောက်တောင် မရှိ ဘူး။ အဲဒီတော့ အများစုက ငြိမ်းချမ်း စွာပညာသင်ကြားလိုတယ်။ စာမေးပွဲ ဖြေဆိုလိုတယ်။ စာတတ်လိုတယ်။ ဒီ့အတွက် သူတို့တွေရဲ့ဆန္ဒကို ကျွန်တော်တို့က စီစဉ်ပေးခြင်းပဲ ဖြစ် ပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်သွားပြီ ဆိုတဲ့အတွက် ဆရာတို့ရဲ့ကျောင်းသား ကျောင်းသူတွေကိုပါ ဒီမိုကရေစီ အလေ့အကျင့်တွေ ဖန်တီးပေးတာဖြစ် တယ်။ ကျောင်းသားတွေဆိုတာ အားလုံးသားသမီးတွေပါပဲ။ အဲဒီ သားသမီးတွေကို သူတို့ရဲ့သန်ရာ သန်ရာ အလေ့အထလေးတွေကို လေ့ကျင့်ပျိုးထောင်ပေးနေပါတယ်။ ကောင်းသော ပညာတတ်ပတ်ဝန်း ကျင်ဖြစ်အောင်၊ စာမတတ်ရင် ဘယ် နေရာမှာမှ အရေးပါတဲ့သူတွေမဖြစ် ဘူးဆိုတာလည်း သင်ကြားပေးတယ်။
ဒီ့အတွက်ကြောင့် ဒီမိုကရက်တစ်ဝန်း ကျင်ကောင်းကို ဖန်တီးနေပါတယ်''ဟု ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ကျောင်းသား ကျောင်းသူများ သဘောထားအမြင် ထုတ်ဖော်ပွဲအပေါ်၎င်း၏အမြင်များ ကို ပြောကြားခဲ့သည်။
''အမှန်ကတော့ ဆန္ဒထုတ်ဖော်ပွဲ ဆိုတာ အယူအဆတွေလွဲသွားလို့ပါ။တစ်ယောက်နဲ့တစ်ယောက် အမြင် တွေကိုပြောရင်းပြောရင်း နည်းနည်း လေး အငြင်းအခုန်ဖြစ်သွားတာပါ'' ဟု ကျောင်းသားသဘောထားအမြင် များထုတ်ဖော်ပွဲ အခမ်းအနားမှူး ကျောင်းသားတစ်ဦးက ပြောကြား သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ တက္ကသိုလ်ကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ၂၁ နှစ်သက်တမ်း သို့ဝင်ရောက်လာပြီဖြစ်သည်။ အဆိုပါ တက္ကသိုလ်မှ မွေးထုတ်ပေးလိုက် သော ဘွဲ့ရကျောင်းသားကျောင်းသူ စုစုပေါင်း ၇၂၇ဝဝ ဦးရှိပြီဖြစ်သည်။ ယခုနှစ် ပထမနှစ်ဝက် စာမေးပွဲများကို မတ်လ ၁၉ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရ သည်။
No comments:
Post a Comment