နေပြည်တော် ဖေဖော်ဝါရီ ၁၆
မြန်မာ့အသံနှင့် ရုပ်မြင်
သံကြား၏
မုံးပေါ် ရုပ်သံထပ်ဆင့် လွှင့်စက်ရုံမှ စက်ရုံတာဝန်ခံ ဦးအောင် ဇော်ထွန်းအား မျက်နှာဖုံးစွပ်
ထားသော
အမျိုးသား (၃) ဦးက ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ မုံးပေါ်ရွာရှိ နေအိမ်မှ လာရောက်
ခေါ်ဆောင် သွားခဲ့သည်။
အဆိုပါဝန်ထမ်းမှာ အီလက်ထရွန်းနစ် ကျွမ်းကျင်(၃)အဆင့်ဖြင့် ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံ ထမ်းဆောင်နေသူ ဖြစ်ပြီး မုံးပေါ်ရွာရှိ ၎င်းဇနီး၏ နေအိမ်သို့ ရောက်ရှိနေချိန် ည ၁၀ နာရီခွဲ ခန့်တွင် အမည်မသိ၊ မျက်နှာဖုံး စွပ်ထားသော အမျိုးသား(၃)ဦးမှ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေဒေသရှိ အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားခဲ့ရာ စုံစမ်းရှာဖွေလျက် ရှိကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မူဆယ်ဇုန်နယ်ခွဲတွင် မုံးပေါ်၊ ဖောင်း ဆိုင်၊ မုံးကိုး၊ နမ့်ခမ်း၊ နမ့်ဖတ်ကာ၊ ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးဝီး စုစုပေါင်း ထပ်ဆင့်လွှင့်စက်ရုံ(၇) ရုံရှိရာ စက်ရုံ(၃)ရုံမှ ဝန်ထမ်းများမှာ မူဆယ်စက်ရုံသို့ လာရောက်ပူးပေါင်းခဲ့ပြီး ကျန်စက်ရုံ(၄)ရုံမှ ဝန်ထမ်းများအား လုံခြုံရေးအခြေအနေအရ လာရောက်ပူးပေါင်းနိုင်က လာရောက်ကြရန် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား(ရုံးချုပ်)က အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment