Thursday, February 19, 2015

ချင်းအမျိုးသားနေ့ အခမ်းအနား ဟားခါးမြို့၌ စည်ကားစွာကျင်းပမည်

ဟားခါး ဖေဖော်ဝါရီ ၁၈
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက် တွင်ကျရောက်မည့် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၏မြို့တော် ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်း၌ စည် ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။


ချင်းတိုင်းရင်းသားတို့၏အမျိုးသား ရေး လက္ခဏာတစ်ရပ်အဖြစ် ကျင်းပ မည့် ချင်းအမျိုးသားနေ့တွင် ရှေး အစဉ်အဆက် နေထိုင်လာခဲ့ကြသော ချင်းလူမျိုးတို့၏ အဆင့်ဆင့်ပြောင်းလဲ လာခဲ့သည့် လူနေမှုဘဝ၊ ရိုးရာဝတ် စားဆင်ယင်မှုများကို ပြည်နယ်ဝန်ကြီး ဌာနများက ပြခန်းများဖွင့်လှစ်ပြသ သွားမည်ဟု သိရသည်။
ထို့အပြင် ချင်းတိုင်းရင်းသားမျိုး နွယ်စုများ၏ မတူညီသော ရိုးရာယဉ် ကျေးမှု အကပဒေသာများ၊ ရိုးရာ တေးသီချင်း ဖျော်ဖြေတင်ဆက်မှုများ၊ ဈေးအရောင်းဆိုင်များ၊ ချင်းရိုးရာ နပန်းပြိုင်ပွဲနှင့် အခြားအားကစား ပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများလည်း ထည့်သွင်းစီစဉ်ထားကြောင်း၊ ချင်း အမျိုးသားနေ့ကို စည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံ တော်အဆင့် တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဝန်ကြီး ချုပ်များကို ဖိတ်ကြားထားကြောင်း ချင်းအမျိုးသားနေ့ကျင်းပရေးကော် မတီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ဖလမ်းမြို့၌ ၁၉၄၈ ခုနှစ်က ပထမ ဆုံးစတင်ပြုလုပ်ခဲ့သော ချင်းအမျိုး သားညီလာခံကိုအစွဲပြု၍ ချင်းအမျိုး သားနေ့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၂ဝ၁၃ ခုနှစ် (၆၅)နှစ်မြောက်မှစတင် ကာ ဟားခါးမြို့၌ ချင်းအမျိုးသားနေ့ ဟု တရားဝင်အမည် ပြန်လည်သတ် မှတ်၍ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ချင်းပြည်နယ် မင်းတပ်မြို့၌ ဒုတိယ အကြိမ်ကျင်းပခဲ့ကာ ယခုကျင်းပ မည့် ၂ဝ၁၅ ခုနှစ် (၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့သည် တတိယ အကြိမ်မြောက် ကျင်းပမည့် အခမ်း အနားဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment