လင်းခေး ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ်ရှိ ဌာနဆိုင်ရာ ပြည်သူလူထုနှင့်
လူမှုအဖွဲ့ အစည်း အသီးသီး တို့က လောက်ကိုင်ဒေသ စစ်ဘေး ရှောင်ပြည်သူများအတွက် ကူညီ ထောက်ပံ့ငွေများကို
ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီက လင်းခေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး
တာဝန်ရှိသူများထံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် လင်းခေးမြို့နယ်၌ တာဝန် ထမ်းဆောင်လျက် ရှိကြသည့် မြို့နယ်ဌာနဆိုင်ရာ
ဝန်ထမ်းများ၏ စုပေါင်း လှူဒါန်းငွေကျပ် ၁၂၇ဝဝဝဝ၊ မြို့ပေါ် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စု၊
နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် မြို့ပေါ်လုပ်ငန်းရှင်များ စုပေါင်းလှူဒါန်းငွေကျပ်
၁၂၃ဝဝဝဝ စုစုပေါင်း ၂၅ သိန်းအား လာရောက်လှူဒါန်းရာ လင်းခေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာနမှူး ဦးဝေမောင်က လက်ခံ ရယူပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
အဆိုပါ လှူဒါန်းရရှိငွေကျပ် ၂၅ သိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဆက်လက်ပေးပို့
လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment