Thursday, February 26, 2015

သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီဖြင့် တည်ဆောက်မည့် (၅၀)မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်ရန် သဘောတူ စာချုပ် ချုပ်ဆို






နေပြည်တော် ဖေဖော်ဝါရီ ၂၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းနှင့် Sumitomo Corporation (JAPAN)  တို့၏ သီလဝါအထူး စီးပွားရေးဇုန်တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ၏ တရား ဝင်ဖွံ့ဖြိုးမှု အကူအညီဖြင့်





တည်ဆောက်မည့် (၅၀)မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ငန်း ဆောင်ရွက် ရန်အတွက် သဘောတူ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲတွင် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Sumitomo Corporation (JAPAN) မှ General Manager Mr. Kazushi Matunoki နှင့်တာဝန် ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ (၅၀)မဂ္ဂါဝပ် ဓာတ်းအားပေးစက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ကို ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့မှ ရရှိမည်ဖြစ်ပြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တောင်ဒဂုံဘားရုံမှ (၂၀)လက်မ ဓာတ်ငွေ့ပိုက်လိုင်း အရှည်မိုင်(၂၀)ကို တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထွက်ရှိ လာသော ဓာတ်အားကို သီလဝါစက်မှုဇုန်အတွင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ တရားဝင်ဖွံ့ဖြိုးမှု အကူအညီဖြင့် တည်ဆောက်မည့် ၂၃၀/၃၃ ကေဗွီ ၂၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပြီး သီလဝါ အထူးစီးပွားရေးဇုန်သို့ အဓိကဓာတ်အား ဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။
သီလဝါအထူး စီးပွားရေး ဇုန်အတွင်း ဓာတ်ရုံများ တပ်ဆင်ကာလအတွင်း ဓာတ်းအားသုံးစွဲနိုင်ရန်အတွက် ၂၃၀/၃၃ ကေဗွီ သန်လျင်-ဘုရားကုန်း ဓာတ်အားခွဲရုံမှ လက်ရှိ ၃၃ ကေဗွီလိုင်းများဖြင့် ဓာတ်အားပို့လွှတ်ပေး နိုင်မည့်အပြင် သီးခြား ၃၃ ကေဗွီလိုင်း(၂)ခုကို ဘုရားကုန်းခွဲရုံမှ သီလဝါအထူးစီးပွားရေးဇုန်သို့ တည်ဆောက် လျက် ရှိကြောင်းနှင့် ၂၃၀/၃၃ ကေဗွီ ၂၀၀ အမ်ဗွီအေဓာတ်အားခွဲရုံ တည်ဆောက်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။

No comments:

Post a Comment