Thursday, February 26, 2015

သတ္တမအကြိမ် နိုင်ငံတော် သံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး ဒုတိယနေ့ကျင်းပ


ရန်ကုန်-ဖေဖော်ဝါရီ(၂၆)
သတ္တမအကြိမ် နိုင်ငံတော် သံဃာ့ ဝန်ဆောင်အဖွဲ့ တတိယအစည်းအဝေး ဒုတိယနေ့ ကို ယနေ့ နံနက်(၈) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ကျင်းပသည်။






အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သာသနာရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက် ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ သတ္တမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ ဝန်ဆောင်အဖွဲ့ တတိယအစည်း အဝေး၏ ဩဝါဒါစရိယ ဆရာ တော်ကြီး (၅)ပါးကို တင်မြှောက်တော်မူသည်။
ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယအစည်း အဝေး၌ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တအရိယာ လင်္ကာရ (အဘိဓဇမဟာရဋ္ဌဂုရု)က သဘာပတိ အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုး တော်ဆောင် ဆရာတော်ဘဒ္ဒန္တ ဂုဏိကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)က အခမ်းအနား မှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များက  တင်ပြလာသော အကြံပြုချက်များကို တွဲဖက် အကျိုး တော်ဆောင် ဆရာတော်ဘဒ္ဒန္တအဂ္ဂဓမ္မ (အဂ္ဂမဟာ ပဏ္ဍိတ၊ ဒွိပိဋကဓရ)နှင့် ဘဒ္ဒန္တဝေပုလ္လ (အဂ္ဂမဟာပဏ္ဍိတ) တို့က ပြန်လည်ရှင်းလင်း ရှောက်ထားပြီး နံနက်ပိုင်း အစည်းအဝေးကို ခေတ္တရပ်နားသည်။
နေ့လယ်(၁)နာရီတွင် အစည်းအဝေးကိုပြန်လည်ကျင်းပရာ အခမ်းအနားမှူး ဆရာတော်က နိုင်ငံတော်အဆင့် ဝိနိစ္ဆယ ဆုံးဖြတ်ချက်များကို စိစစ်ရွေးချယ်၍ စံနမူနာပြု စာတမ်းစာစောင် များအဖြစ်ထုတ်ဝေနိုင်ရေးအတွက် နိုင်ငံတော် ဗဟိုသံဃာဝန်ဆောင် ဆရာတော်များပါဝင်သော စိစစ်ရွေးချယ်ရေးအဖွဲ့ကို လျာထားဖွဲ့စည်းတင်ပြ မှုကို အတည်ပြု ပေးရန်၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၌ ပြည်ပရေးရာအဖွဲ့ငယ် ဖွဲ့စည်းရေး၊ လုပ်ထုံး လုပ်နည်းများ ဖွဲ့စည်းရေး၊ လုပ်ထုံး လုပ်နည်းစသည်များ ပြင်ဆင်ရေးအဖွဲ့က တင်ပြလာခြင်းကိစ္စ၊ သတ္တမ အကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ တတိယ အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူမည့် “သံဃာ့ အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများ၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝိနိစ္ဆယလက်စွဲ” မူကြမ်းများကို တင်ပြခြင်းကိစ္စ၊ ပထမပြန် ဓမ္မာစရိယ နိကာယ်နှင့် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲများအတွက် စည်းမျဉ်းသစ် ရေးဆွဲရေး အဖွဲ့ ဖွဲ့စည်းပေးရန် တင်ပြခြင်းကိစ္စ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး တွင် စာထောက် စာမပြု လုပ်တော်မူကြမည့် သံဃာတော်များ၏ အရည်အချင်းများ ပြင်ဆင်ခြင်းနှင့် အာဂုံပြန်ဆိုပွဲ အတွက် အာဂုံပြန်ရက် ပြင်ဆင်ခြင်း သတ်မှတ်ပေးရန်ကိစ္စတို့ကို ဆွေးနွေးဆုံးဖြတ်တော် မူကြသည်။
ယင်းနောက် တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ အစီရင်ခံစာကို သက်ဆိုင်ရာ ကိုယ်စားလှယ် ဆရာတော်များက ဆွေးနွေးတော်မူကြပြီး အစည်းအဝေး ဒုတိယနေ့ကို ရုပ်သိမ်းလိုက်သည်။
ယနေ့ အစည်းအဝေးသို့ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား မိခင်ကြီး ဒေါ်တင်ဝင်းရည် အားအမှူးထား၍ ဦးသိန်းဌေး၊ ဇနီး သုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်မြသီတာ၊ သမီး အမရာ နှင့် ဣနြေ္ဒမဒီဆွေတင်၊ သား လင်းမောင်မောင်နှင့် လင်းညီညီဆွေတင် မိသားစု တို့က တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment