Thursday, February 26, 2015

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၂၆
ယနေ့နံနက်(၈)နာရီခွဲတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်များနှင့်အညီ ကျေးလက်နေပြည်သူများ၏
အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန် ရည်မှန်းပြီး မြစိမ်းရောင်ကျေး ရွာစီမံကိန်းအား Pilot Porject အဖြစ် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေး နှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ကျေးရွာပေါင်း (၁၄၅၀) တွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်၏  CDD စီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းများအား ပြည်သူများသိရှိလာပြီး ကျေးရွာစီမံကိန်းများအား စနစ်တကျ ဆောင်ရွက် လာနိုင်သည့်အတွက် စီမံကိန်းများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း။
တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများ အနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စံနမူနာပြအဖြစ် စိတ်ရော ကိုယ်ပါ ထမ်းဆောင်ကြခြင်းဖြင့် လက်အောက်ဝန်ထမ်းများမှလည်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအား အရှိန်အဟုန်မြှင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများအနေဖြင့် မိမိအလုပ်ကို တာဝန်ယူလိုသည့် အသိ စိတ်များဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ စာရင်း၊ အင်းအချက်အလက်များ မှန်ကန်ရေး၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးခင်မောင်အေး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်မြတ်ဦး၊ ဒုတိယဝန်ကြီး ဦးတင်ငွေ တို့က ကျေးလက်ဒေဖွံ့ဖြိုးရေး၊ လူထုအခြေပြု စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများမှ မိမိတို့ကဏ္ဍများအလိုက် (၂၀၁၄-၂၀၁၅)ဘဏ္ဍာ ရေးနှစ် အတွင်း အသားကဏ္ဍ/ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများအား အသီးသီး ရှင်းလင်း တင်ပြကြသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ငါးလုပ်ငန်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်း ဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များအား လည်းကောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုး ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရရှိရေးနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက် ရေး ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း ဆက်လက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ အသား ကဏ္ဍ/ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး အတွက် အကြံပြု ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment