နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
၂ဝ၁၅
ခုနှစ် ပြည်ထောင်စု၏အခွန် အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ''၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေး နှစ်အတွက်
အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ ဥပဒေ ကြမ်းများ
စိစစ်ရေး ပူးပေါင်းကော်မတီ'' အစည်း အဝေးကိုယနေ့နံနက် ၁ဝ နာရီတွင် ပြည်ထောင်စု လွှတ်တော(D-ဆောင်)၊
ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့စိစစ်ရေးပူးပေါင်း
ကော်မတီဥက္ကဋ္ဌ ဦးစိုးသာ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ အတွင်းရေးမှူး ဦးအေးမောက်နှင့်
ကော်မတီဝင်များ၊ စိစစ်ရေးပူးပေါင်းအဖွဲ့များမှ ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ၊ ပြည်သူ့
လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင် များ၊ အခွန်ကောက်ခံမှု
စိစစ်ကြပ်မတ် ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊
UMFCCI ဥက္ကဋ္ဌနှင့် ညီနောင် အသင်းအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများနှင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ
စိစစ်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး UMFCCI ဥက္ကဋ္ဌနှင့် ညီနောင်အသင်း
အဖွဲ့များ၊ စိစစ်ရေးပူးပေါင်းအဖွဲ့များမှ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆွေးနွေး ချက်အပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ဆွေးနွေးတင်ပြကြပြီး
စိစစ်ရေးပူးပေါင်း ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက်
ပြည်ထောင်စုလွှတ်တော် စိစစ်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီးအစည်း
အဝေးကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် ရုပ်သိမ်းလိုက်သည်။
No comments:
Post a Comment