မန္တလေး၊ ဖေဖော်ဝါရီ ၁ဝ
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍မန္တလေးတိုင်းဒေသကြီး မြန်မာ့ရှေ့ဟောင်းယဉ်ကျေးမှုအင်းဝနယ်မြေတွင်
နိုင်ငံခြားသားခရီးသွားများဝင်ရောက်မှုမှာ နေ့စဉ်ပျမ်းမျှ ၄ဝဝ ကျော်ရှိကြောင်း ရှေးဟောင်းသုတေသနဌာနမှ
ထုတ်ပြန်ချက်အရသိရသည်။
ရှေးဟောင်းယဉ်ကျေးမှု သဘာဝ အတိုင်းရှိသေးသော အင်းဝမြို့တွင်မြန်မာသက္ကရာဇ် ၁၁၈၄
ခုနှစ်က တည်ဆောက် ခဲ့သော နန်းမြင့်မျှော်စင်၊ မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ် ကတည်ဆောက်ခဲ့သည့်
ကျွန်းတိုင် လုံးပေါင်း ၂၆၇ လုံးပါရှိသည် ဗားကရာကျောင်း၊ မြန်မာသက္ကရာဇ် ၁၁၈၄ ခုနှစ်ကတည်ဆောက်ခဲ့သည့်
အောင်မြေဘုံစံအုတ်ကျောင်း (ခေါ်) မယ်နုအုတ်ကျောင်း၊ ဆင်ကျုံးခံတပ်နှင့် ရှေးဟောင်းစေတီ၊
ပုထိုးတော် များ၏ ပြာသာဒ်ဆောင်၊ ကိန္နရာရုပ်တုများ၊ ပွတ်လုံးပန်းပုရုပ်တုများ၊ ပန်းနွယ်ပန်းခက်များစသည့်
ရှေးဟောင်း ယဉ်ကျေးမှုအနုပညာ လက်ရာများနှင့် မြန်မာ ဗိသုကလက် ရာပုံစံများကိုနိုင်ငံခြားသားများကအထူးစိတ်ဝင်စား
လေ့လာကြသည်။
နိုင်ငံခြားသား တစ်ဦးလျှင် ယဉ်ကျေးမှုဇုန် ဝင်ကြေးအဖြစ် ငွေကျပ်တစ်သောင်း ကောက်ယူပြီး
မန္တလေး ယဉ်ကျေးမှုဇုန်၊ အင်းဝ၊ ပင်းယ၊ ပုလိပ်၊ မင်းကွန်း စသည့်ယဉ်ကျေးမှုနယ်မြေများတွင်
ခုနစ်ရက်လေ့လာခွင့် ရကြသည်။
No comments:
Post a Comment