Thursday, February 26, 2015

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေသည် မွေးမြူရေး ဆိုင်ရာ ဆေး တက္ကသိုလ် ကျောင်းသား/ကျောင်းသူ အိပ်ဆောင်သစ် ဆောက်လုပ်ပြီးစီးနေမှု အခြေ အနေအား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆ ရက်
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ် သို့ ရောက် ရှိပြီး ကျောင်းသား အိပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်၌ အောင်ချမ်း သာ ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ခံမှ ကျောင်းသားအိပ်ဆောင် ဆောက်လုပ် နေမှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပါသည်။



ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်အတွင်းရှိ Aung Chan Tha Construction and Services Co.,Ltd မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ကျောင်းသား(၂၀၀)ဆံ့ အခန်း (၅၆)ခန်းပါ RC နှစ်ထပ် အိပ်ဆောင်အသစ် (၁)လုံး၊ Naing Min Construction Co.,Ltd မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ကျောင်းသား(၂၀၀)ဆံ့ အခန်း (၅၆)ခန်းပါ RC နှစ်ထပ် အိပ်ဆောင်အသစ် (၁)လုံး၊ T.Z.T.M Co.,Ltdမှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့် ကျောင်းသူ (၂၀၀)ဆံ့ အခန်း (၅၆)ခန်းပါ RC နှစ်ထပ် အိပ်ဆောင်အသစ် (၁)လုံး ဆောက်လုပ်နေသည့် လုပ်ငန်းခွင်များအား လှည့်လည်ကြည့်ရှု စစ်ဆေး စဉ် ဆောက်လုပ်ရေး တာဝန်ခံများမှ လုပ်ငန်းခွင် အခြေအနေများအား ရှင်းလင်းပြောကြားကြရာ  အိပ်ဆောင်သစ် အဆောက် အဦးများအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment