Sunday, February 15, 2015

ငြိမ်းချမ်းစွာပညာသင်ကြားရေးနှင့်ပတ်သက်၍လူထုဆန္ဒထုတ်ဖော်ပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီလ-၁၅

ငြိမ်းချမ်းစွာပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ပြည်သူများ၏ လူထုဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၁၅ရက်နေ့ နံနက် ၈နာရီက ပြုလုပ်ကြရာကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမ များ၊ ပြည်သူလူထု အပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ပါဝင်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်းသိရသည်။




အဆိုပါငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲကိုပြုလုပ်ရန် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် စုဝေးခဲ့ကြပြီးထို့မှတဆင့် ကျို့က္ကံဆံအားကစားဝင်း အတွင်းရှိ ဟစ်တိုင်သို့ လမ်းတစ်လျှောက်ချီတက် ဆန္ဒပြကြပြီးဟစ်တိုင်တွင် ဆရာဦးမောင်မောင်အေး၊ ဆရာဦးဥာဏ်ထွန်း၊ ဆရာ ဦးဝင်းမောင်တို့က သမိုင်းဖြစ်ရပ်များနှင့် ရှေ့အနာဂတ် ပညာရေးလမ်းကြောင်းများ၊ အေးချမ်းခေတ်မီသောပညာရေးစနစ်များကို အကျယ်တ၀င့် ရှင်းလင်းဟောပြောခဲ့ကြသည်။ ဆန္ဒထုတ်ဖော်ပွဲနှင့် ဆန္ဒထုတ်ဖော်ရာလမ်းတစ်လျှောက်တွင် မြို့နယ်အသီးသီး မှ မိဘပြည်သူများနှင့် ဆန္ဒပြုအဖွဲ့ စုစုပေါင်းအင်အား (၇၀၀)ခန့်မှ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဆန္ဒပြအဖွဲ့များ ရန်ကုန်သို့ မလာပါနှင့်၊ လေးပွင့်ဆိုင်ဆွေးနွေးပြီး အဖြေရရှိ ရေးကြိုးစားပေး၊ ဥပဒေချိုးဖောက်သူအရေးယူ၊ ကျောင်းသားများ စာမေးပွဲနီးနေပြီ၊ ပညာရေးဥပဒေကို ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းဆောင်ရွက်ရေးအစရှိသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကျော်သံများဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး ပြန်/ဆက်

No comments:

Post a Comment