Friday, February 27, 2015

ကျွန်းသစ်ငါးတန်ကျော် တရားမ၀င်သယ်ဆောင်လာသောယာဉ်ကို ဖမ်းမိ


မိုးညှင်း ဖေဖော်ဝါရီ ၂၆
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ အုပ်စုတွင် ဖေဖော်ဝါရီ ၂၂ ရက်က သတင်းအရရှာဖွေရာ တရားမဝင် သယ်ဆောင်လာသော ကျွန်းသစ် ငါးတန်ခွဲခန့်ကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီခန့်က မိုင်းနောင်ဘိနယ် တာဝန်ခံ တောအုပ်ဦးကျော်မျိုးဇင်၊ တောအုပ် ဦးအောင်သန်းနိုင်နှင့် မိုင်း နောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်ဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းနောင်ကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာ၌ တုန်ဟုန်းအမျိုးအစား ခြောက်ဘီးယာဉ် နံပါတ်ပြားမပါ၊ လိုင်စင်စုံစမ်းစစ်ဆေးဆဲ ယာဉ်ပေါ်မှ အရှည် ၁၈ ပေရှိ ခြောက်လက်မ ပတ်လည် ကျွန်းသစ်ခွဲသား ၅၆ ချောင်းနှင့် အရှည် ၂၅ ပေရှိ (၇ x၂)လက်မ သစ်ခွဲသားရှစ်ချောင်း စုစုပေါင်း ၅ ဒသမ ၄၃ တန်ကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်နှင့် တရားမဝင်ကျွန်းသစ်ခွဲသား များကို မိုင်းနောင်ဘိနယ် သစ်တောရုံးဝင်းအတွင်းသို့ သယ်ယူပို့ဆောင်ခဲ့ကာ ယာဉ်ပေါ်ပါသူ ဦးမောင်ဝင်း (၅၂ နှစ်)အား ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ နီတိုး(မော်လူး)

No comments:

Post a Comment