Saturday, February 28, 2015

စက္ခုဒါနအလင်း အလှူတော် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်း



ကော့သောင်း ဖေဖေါ်ဝါရီ ၂၇
ကော့သောင်းမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကော့သောင်းမြို့နယ်အသင်း(ရန်ကုန်)တို့ ပူးပေါင်းစီစဉ်သည့် စက္ခုဒါန အလင်း အလှူတော်အဖြစ် မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်း အစီအစဉ်ကို ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်သည်။

 အဆိုပါ အစီအစဉ်တွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါ်နီလာသိန်း ဦးဆောင်သည့် မျက်စိအထူးကုဆရာဝန်ကြီးများအဖွဲ့ မှကော့သောင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ ဘုတ်ပြင်းမြို့နယ် ကျေးလက်တောရွာများမှ မိဘပြည်သူများအား ကော့သောင်းမြို့နယ်အသင်း(ရန်ကုန်)၏ အကုန်ကျခံ ကူညီဒါနပြုမှုဖြင့်  ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှ၊ မတ်လ ၁  ရက်နေ့ အထိ(၃)ရက်တိုင်တိုင် စာရင်းပေးသွင်းထားသည့် မျက်စေိဝဒနာရှင်မိဘပြည်သူ(၃၀၀၀)ကျော်အား မျက်စိအခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးကာ လိုအပ်သည့် ဆေးဝါးကုသမှုနှင့် မျက်မှန်များအား အခမဲ့ ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment