တာချီလိတ်
ဖေဖော်ဝါရီ ၁၇
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ
လောက်ကိုင်ဒေသ စစ်ဆင်ရေး၌ တာဝန်ထမ်းဆောင်စဉ် တိုက်ပွဲ ကျဆုံး၊ ဒဏ်ရာရ အရာရှိ၊ စစ်သည်၊
မိသားစုဝင်များအား ထောက်ပံ့ပေးနိုင်ရန်အတွက် တာချီလိတ်မြို့မှ စေတနာရှင်များ၏ အလှူငွေ
ပေးအပ်လှူဒါန်းပွဲအား ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ စစ်ဗျူဟာအဖွဲ့
အခြေချ (တာချီလိတ်) ကျောက်ဆည် ရိပ်သာ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်)
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးက လောက်ကိုင် ဒေသ အခြေအနေ များအား ရှင်းလင်း
ပြောကြားကာ တပ်မတော်သားများ အပေါ် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်း ကူညီမှုအတွက် ဝမ်းမြောက်
စကားပြောကြားသည်။
ထို့နောက် တာချီလိတ်မြို့နယ် စက်သုံးဆီ
လုပ်ငန်းရှင်များအသင်းမှ ငွေကျပ် ၁ဝ သိန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်
မိုး(ရွှေဘူးသီးဟိုတယ်) မိသားစုက ငွေကျပ် ငါးသိန်း၊ ဦးထွန်းနေဦး-ဒေါ်ခင်ခင်ချို(ဟိုတယ်တာချီလိတ်)
မိသားစု က ငွေကျပ်ငါးသိန်း၊ ဦးဘိုလေး (မြန်မာ-ထိုင်းနယ်ခြားကော်မတီ)- ဒေါ်မေရီမိသားစုက
ငွေကျပ် ငါးသိန်း၊ မြန်မာ့ အလင်းနှင့် ကြေးမုံ သတင်းထောက် ဦးအောင်ဖြိုးရှိန် မိသားစုက
ငွေကျပ်ငါးသိန်း၊ ကျောင်းအုပ် ဆရာကြီး ဦးခင်မောင်မြင့်နှင့် ရွှေမဟာ ကိုယ်ပိုင် အထက်တန်းကျောင်းက
ကျောင်းသား ကျောင်းသူများက ငွေကျပ် ၅၆ဝဝဝဝ၊ သတ္တု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်ဦး (မုတ်ဆိတ်)-
ဒေါ်နန်းသောင်းမိသားစုက ငွေကျပ် သုံးသိန်း၊ ဦးအောင်နိုင်မိသားစု(ဝမ်းဂျီ ဆဲဗင်းဟိုတယ်)က
ငွေကျပ်ငါးသိန်း၊ ဦးစည်သူမောင် CNCMC) -ဒေါ်နန်း ကြာဖြူ မိသားစုက ငွေကျပ်တစ်သိန်း၊
ဦးဇော်အောင် (တာချီလိတ်အွန်လိုင်း သတင်းဌာန) က ငွေကျပ်တစ်သိန်း၊ ခမရ ၃၃၁ မှ ဒုဗိုလ်မှူးကြီး
ဇော်ဇော်- ဒေါ်ဇင်မာသန်း မိသားစုက ငွေကျပ် တစ်သိန်း၊ ခမရ ၃၅၉ မှ ဒုဗိုလ်မှူးကြီး အောင်မြင့်ဦး-
ဒေါ်ချောစုလှိုင် မိသား စုက ငွေကျပ်တစ်သိန်း၊ ခမရ ၅၂၆ မှ ဗိုလ်မှူးအောင်သွင်ဦး-ဒေါ်သိင်္ဂီ
ထွန်းမိသားစုက ငွေကျပ်တစ်သိန်း၊ နယ်ခြားစောင့်တပ် ၁ဝဝ၉ မှ ဗိုလ်မှူး ကျော်စိုး-ဒေါ်လေးအာ
မိသားစုက ငွေကျပ်တစ်သိန်း၊ ဦးနောင်နောင် (တာလော့) မိသားစုက ငွေကျပ် ၃၅ဝဝဝဝ၊ ဦးခမ်းချိုမိသားစုမှငွေကျပ်
နှစ်သိန်း၊ ဒေါ်နုနုဝင်းဗယ်လင်တိုင်း- နိုင်းနိုင်း စားသောက်ဆိုင်မိသားစုက ငွေကျပ်ငါးသိန်း တို့ကို
ပေးအပ် လှူဒါန်းခဲ့ကြပြီး စုစုပေါင်းလှူဒါန်း ငွေကျပ်မှာ ၅၈၁ဝဝဝဝ ရှိကြောင်း သိရသည်။
အလားတူပင် ဖေဖော်ဝါရီ ၁၅ ရက်က တာချီလိတ်
စစ်ဗျူဟာအဖွဲ့ အခြေချ (တာချီလိတ်) မှ ငွေကျပ် ငါးသိန်းနှင့် တာချီလိတ် တပ်နယ် အတွင်းရှိ
ပြည်သူ့ စစ်အဖွဲ့ဝင်များက ငွေကျပ် ၁၅သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၂ဝ ကို ပထမအကြိမ်အဖြစ်
လှူဒါန်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment