နေပြည်တော်-ဖေဖော်ဝါရီ
၁
၂၀၁၄-၂၀၁၅ ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား တပ်မတော်
(ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲအ ခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင်
နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ
တပ်မတော်အရာရှိကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းနားတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တီခုံအမှတ်
(၁) ၌ Smoke Ball အား ရိုက်၍ ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်
(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့က Smoke Ball အား ရိုက်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပါဝင်ယှဉ်ပြိုင်ကစားကြမည့် ပြိုင်ပွဲဝင်အသင်းများမှ
အားကစားသမားများက သတ်မှတ် တီခုံ အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကစားကြသည်။ ၂၀၁၄-၂၀၁၅ ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား၊
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲအား ဇန်နဝါရီ (၃၁) ရက်မှစ၍ နေပြည်တော်
ဂေါက်ကွင်းနှင့် ရေပြာဂေါက်ကွင်းတို့တွင် ကျင်းပပြုလုပ် လျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း
၂၀ သင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment