ရန်ကုန် ဖေဖော်ဝါရီ
၁
အခွန်စည်းကြပ်ကောက်ခံမှုများကို တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ
ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ညီညွတ်မျှတသော အခွန်စည်းကြပ်ကောက်ခံမှုများ ဖြစ်စေရန် အရေးကြီးကြောင်း၊
အခွန်ဆိုင်ရာ အသိပညာ များ တိုးပွားရရှိစေရေးအတွက် အခွန်ပညာပေးဆွေးနွေးမှုများ စဉ်ဆက်မပြတ်
ဆောင်ရွက်သွားရန် လိုကြောင်း၊
၂၀၁၅ ခုနှစ် အခွန်အကောက်ဥပဒေ ပြဋ္ဌာန်းရာတွင် မြေပြင်အခြေအနေနဲ့
ကိုက်ညီသော အခွန်ဥပဒေဖြစ်ရန် လိုကြောင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံ မှုများကို
ဝန်ထမ်းများအားလုံးက လုပ်ငန်းလမ်းညွှန် အဖြစ် ခံယူကျင့်သုံးစေလိုကြောင်း၊ ကိုယ်ကျင့်သိက္ခာ
စောင့်ထိန်းမှု၊ ဥပဒေကို လေးစားလိုက်နာမှုဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ
တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာစံနှုန်းများဖြင့်
ကိုက်ညီသော အခွန်စနစ်ဖြစ်ပေါ် လာစေရေးအတွက် အရည်အချင်း၊ အရည်အသွေး ပြည့်ဝသော၊ အကျင့်စာရိတ္တ
ကောင်းမွန်သော ဝန်ထမ်းများလိုအပ်သဖြင့် တစ်ဦးချင်းသာမက ဌာနတစ်ခုလုံး ကြိုးပမ်းဆောင်ရွက်ကြရန်
တိုက်တွန်းလိုကြောင်း စသည်ဖြင့် ဇန်နဝါရီ(၃၁)ရက် နံနက် (၉) နာရီ တွင် ပန်းဆိုးတန်းလမ်းရှိ
အခွန်ကောက် ခံမှုစိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အခွန်ကောက်ခံမှု
စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာထမ်းများ တွေ့ဆုံပွဲ
တွင် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။
အဆိုပါ အခမ်းအနားတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ
သူရဦးသောင်းလွင်က တရားမဝင် ကုန်သွယ်မှု များ တားဆီးပိတ်ပင်နိုင်ရေး၊ အထောက်အကူပြုအဖွဲ့များအား
ရပ်ကွက်အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များအား လည်းကောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ရှင်းလင်းလွယ်ကူသော အခွန်စနစ်ဖြစ်ပေါ်စေရေး၊ အခွန်စည်းကြပ်ကောက်ခံမှုများအား
ခေတ်မီ နည်းပညာများဖြင့် ဆောင်ရွက်နိုင်ရေး၊ စားသောက်ဆိုင်များတွင် ပြေစာအမှတ်တံဆိပ်များ
စနစ်တကျ ကပ်နှိပ် စေရေးနှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပြဋ္ဌာန်းနိုင်ရေး
ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ် များအား လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးထွန်းသိန်းက တရားမဝင် စက်သုံးဆီ နှင့် အခြားကုန်သွယ်မှုများ တားဆီးပိတ်ပင်နိုင်ရေး ကိစ္စရပ်များ အားလည်းကောင်း
အသေးစိတ် ဆွေးနွေးကြ သည်။
ဆက်လက်၍ တက်ရောက်လာကြသော အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့
အဖွဲ့ဝင်များက ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ကိစ္စရပ်များနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏
လုပ်ငန်း ဆောင်ရွက်မှု များအပေါ် ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင်
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ထုတ်ပြန်ရာတွင် အခွန်ထမ်းပြည်သူများ သိရှိလိုက်နာ
ဆောင်ရွက်နိုင်ရေးအတွက် အခွန်ပညာပေး ဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန် လိုအပ်ကြောင်း၊
နိုင်ငံတကာအခွန်စနစ်များကို လေ့လာသုံးသပ် ထားရန်လိုအပ်ကြောင်း၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို
အောင်မြင်အောင် ဆောင်ရွက် နိုင်ရေးအတွက် ကြီးကြပ်ပံ့ပိုးကူညီဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊
အခွန်တိုးတက်ကောက်ခံရရှိရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
No comments:
Post a Comment