Monday, February 16, 2015

ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ( ၁၇ )ရက်မြောက်နေ့ကျင်းပ





နေပြည်တော် ဖေဖော်ဝါရီ   ၁၆
ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၇) ရက်မြောက် နေ့ ကို ယနေ့နံနက် (၁၀) နာရီတွင် ကျင်းပရာ ၀မ်းတွင်း မဲဆန္ဒနယ်မှ ဦးသန်းမြင့်၏ သဘာဝဘေး အန္တရယ်ဖြစ်သော မြေငလျင် လှုပ်ခတ် မည့် သတင်း ကြိုတင် အသိပေးရေး၊ လှုပ်နေသည့် အချိန်အတွင်း မည့်သို့အန္တရာယ် ကာကွယ်ရန်နှင့် ဆောင်ရွက် မည့် လုပ်ငန်းများကို ပြည်သူများ သိရှိနိုင်ရေးအတွက်  ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနသည် ငလျင်ဘေးအပါအ၀င်
သဘာဝဘေး များကြောင့် ပြည်သူတို့၏အသက်အိုး အိမ်စည်း စိမ်များ ပျက်စီးဆုံးရှုံးမှုမှ  လျော့နည်းသက်သာစေရေး  အတွက် ဘေးမဖြစ်မီ၊ ဘေးဖြစ်နေစဉ်၊ ဘေးဖြစ်ပွားပြီး နောက် ဆောင်ရန်ရှောင်ရန် အချက်များကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘော ပေါက်ပြီး သိရှိလိုက်နာ နိုင်စေရန်အတွက် နည်းလမ်းအမျိုးမျိုး ဖြင့်ဆောင်ရွက် လျက် ရှိပါကြောင်း။
ထို့ပြင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့်လည်း မြေငလျင်မလှုပ်ရှားမီ၊ လှုပ်ရှားနေစဉ် အတွင်းနှင့်လှုပ်ရှားပြီး နောက်ဆောင်ရွက်ရမည့် ပညာပေးလုပ်ငန်းဖြစ်သည့် လက်ကမ်းစာဆောင် များဖြန့် ဝေခြင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းများတွင် မြေငလျင်အန္တရာယ်ကာကွယ်ရေး၊ ပညာပေး လုပ်ငန်းများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက် ခြေနီအသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြင့်ပြန်လည်ရှင်း လင်းဖြေကြားခဲ့သည်။
အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က “နိုင်ငံသားတို့၏ ဘေးကင်းလုံခြုံစိတ်ချစွာ ပူပင်ကြောင့်ကြမဲ့ နေထိုင်နိုင်ရေး၊ လူနေမှုဘ၀ကိုအန္တရာယ်ပြုနှောင့်ယှက်နေသော အကြမ်းဖက်မှုနှင့် ဒုစရိုက်မျိုးစုံကျုးလွန်မှု များအား ကာကွယ်တားဆီးနှိမ်နင်း ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့ခြင်းနှင့် အရည်အချင်းပြည့်မီစွာ နိုင်ငံတကာအဆင့် ဘက်စုံတိုးချဲ့ မြှင့်တင်ဆောင်ရွက်မှုများ ပြုလုပ်ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း”အဆိုကို တင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
အဆိုရှင်က နိုင်ငံအတွင်း ဒုစရိုက်ကျုးလွန်မှုများမှာ ယခုနှစ်အတွင်း ပိုမိုဆိုးရွား လာသည်ဟုကြားသိရခြင်း၊ သာမန်ပြည် သူများအတွင်းမှာပင် လက်ရဲ၊ဇက်ရဲကျုးလွန် သူများမှာ ကူးစက်ရောဂါသဖွယ် နေရာအနှံ့ကျုး လွန်မှုများဖြစ်နေခြင်း၊ မြို့ကြီးများနှင့် ကျေးလက်များတွင် အသက်ဥစ္စာပစ္စည်း၊ ငွေကြေးစသည့် အိုးအိမ် စည်းစိမ်များကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခံနေရခြင်းတို့ကြောင့် ယခုအဆိုကိုတင်သွင်းခဲ့ခြင်းဖြစ် ကြောင်း ရှင်းပြခဲ့သည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံ မြင့်က ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် လုပ်ငန်းလိုအပ်ချက်များအပေါ် အခြေခံပြီး သက်ဆိုင်ရာတာဝန်များထမ်း ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက် တွင်၂၀၁၁ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း လူကုန်ကူးမှု၊ ငွေကြေး၊ မူးယစ်၊ ရေကြောင်း၊ လေကြောင်း၊ ကမ္ဘာ့လှည့်ခရီသွား၊ စည်ပင်သာယာ၊ အမြန်လမ်း၊ ရေနံမြေ၊ သစ်တော၊ လုံခြုံရေးနှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ကိုတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၄င်းတို့နှင့် သက်ဆိုင်သည့် လုံခြုံရေး သင် တန်းများ၊ အကြမ်းဖက်နိမ်နှင်းရေး အပါအ၀င် စွမ်းရည် မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိ သည့်အပြင်ဥရောပသမဂ္ဂ (EU) အဖွဲ့မှ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်သင်တန်းကိုလည်း ပို့ချသင်ကြား စေလျက်ရှိပါကြောင်း။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများဘေးကင်းလုံခြုံစွာဖြင့် ပူပင်ကြောင့်ကြမှုမရှိနေထိုင်နိုင်ရေး၊ ဒုစရိုက်မှုမျိုးစုံ အကြမ်းဖက်မှုအန္တရာယ်မှ ကာကွယ် တားဆီးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ပြည်ပသင်တန်းများဖြင့် အရည်အသွေးမြှင့်တင်လေ့ကျင့် ပေးခြင်း၊ တာဝန်နှင့်လျော်ညီ အောင်လိုအပ်သော ထောက်ပံ့မှု များဖြည့် ဆည်းဆောင်ရွက် ပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိ ပါကြောင်းဖြင့် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။               
           

No comments:

Post a Comment