ကိုးကန့်တိမ်းရှောင်အဖွဲ့အနေဖြင့် ၂၀၁၃ခုနှစ်
ဒီဇင်ဘာ ၁၇ရက်နေ့တွင် အများပြည်သူ အသုံးပြုလျက်ရှိသည့် အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော
ကွမ်းလုံကြိုးတံတားအား ဖောက်ခွဲဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် ထော်လာဂျီ ယာဉ်ပေါ်တွင် ပေါက်ကွဲစေတတ်သော
မိုင်းနှင့် ဆက်စပ်ပစ္စည်းများတင်ဆောင်ကာ အချိန်ကိုက် ဖျက်ဆီး နိုင်ရေး ကြိုးပမ်းခဲ့ရာ
အောင်မြင်မှုမရရှိခဲ့ ကြောင်း သိရှိရသည်။
ထို့အပြင် ကိုးကန့်တိမ်းရှောင်အဖွဲ့သည်
၂၀၁၄ခုနှစ်အတွင်းတွင် မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယား ဒေသများ
တွင်လည်းကောင်း၊ ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် လောက်ကိုင်ဒေသ နေရာအနှံ့အပြား၌ လည်းကောင်း၊
တိုက်ကွက်ဖော်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ရန်ကြိုးပမ်း ခဲ့သော်လည်း ဒေသခံပြည်သူ၏
ပူးပေါင်း ကူညီမှုများကြောင့် သတင်းလက်ဦးမှု ရယူနိုင်ကာ တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်း
စိုးမိုးနိုင်ခဲ့၍ အခွင့်မသာဘဲရှိခဲ့သည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ဒေသခံများ၏ သတင်းပေးချက်အရ
ကိုးကန့်တိမ်းရှောင် အင်အားစုများသည် ညိုချမ်း ကူးတို့ဆိပ်မှတစ်ဆင့် လောက်ကိုင်နယ်မြေအတွင်း
ဝင်ရောက်လာခဲ့ပြီး လောက်ကိုင်မြို့တောင်ခြမ်း/ မြောက်ခြမ်း တို့တွင် အခြေပြုလှုပ်ရှားရန်
ပြင်ဆင်နေကြောင်း သိရှိခဲ့ရ သည်။ သတင်းရရှိချိန်မှစ၍ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်း
ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ရက်နှင့် ၁၀ရက်နေ့တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်စဉ် စုစုပေါင်း
၈ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းပစ်ကူ ၅ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၁ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ
တပ်မတော်စစ်ကြောင်းများက ကိုးကန့် တိမ်းရှောင် အဖွဲ့များ ဆုတ်ခွာရာသို့ ထပ်ကြပ်လိုက်လံ
ရှင်းလင်းခြင်းများနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment