နေပြည်တော်
ဖေဖော်ဝါရီ ၁၄
ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောင်း၍ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းနှင့် အညီ မောင်းနှင်သွားလာ ခြင်းသည် ယာဉ်မတော်တဆမှု တစ်ခု ဖြစ်မလာစေရေး
အတွက် ကြိုတင်ကာကွယ်မှု တစ်ခုဖြစ်သည်။ တစ်ကိုယ်ရည် မှုခင်းကာကွယ် လျှော့နည်းရေး အသိရှိခြင်းမှ
မိသားစုလုံခြုံရေး၊ ကျေးလက်၊ မြို့နယ်လုံခြုံရေး တရားဥပဒေ စိုးမိုးရေး ဖြစ်ပေါ်လာစေမည့်
ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစနစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စခန်း အသီး သီးတွင် ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်
ရွှေတွင်းကုန်မြို့မ ရဲစခန်းနယ်မြေ အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူး များ၊ ရာအိမ်မှူး၊
ဆယ်အိမ်မှူးများ ရပ်မိရပ်ဖများ အထောက်အပြု အဖွဲ့များနှင့် နယ်မြေ ရဲတပ်ဖွဲ့ ဝင်များ
တွေ့ဆုံ၍ မှုခင်း ကျဆင်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ရဲမှူး ဇော်ဝင်းရှိန်နှင့်
စခန်းမှူး၊ဒုရဲမှူးတို့က ကျေးရွာအုပ်ချုပ်ရေး ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ်
ဆောင်ရွက်ရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်တို့ ပေါင်းစပ် ရမည့်
လုပ်ငန်းကိစ္စများ၊ နယ်ထိန်း လုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက် ရမည့် ကိစ္စများကို
ဆွေးနွေးခဲ့ပြီး အောက်ခြေအဆင့်ထိ လူထုကို မှုခင်းအသိပညာများ အမှန် တကယ် သိရှိ လာအောင်
ကျယ်ပြန့်စွာ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment