Sunday, February 15, 2015

ဒေသခံပြည်သူများနှင့် မြို့နယ်လျှပ်စစ်ဌာနပူးပေါင်း၍ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ငါ့သရောက် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီးငါ့သရောက် မြို့နယ် မြေနဲကြီးကျေးရွာတွင် မြို့ နယ်လျှပ်စစ်ဦးစီးဌာနနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ကျေးလက်မီး လင်းရေးလုပ်ငန်းများကို ဇန်နဝါရီ ၃ဝ ရက်က စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းနှင့် မကြာမီ အချိန်အတွင်း မြေနဲကြီးကျေးရွာနေ ပြည်သူများအတွက် ၂၄ နာရီ လျှပ်စစ် မီးရရှိတော့မည်ဖြစ်ကြောင်း သိရ သည်။


မြေနဲကြီးကျေးရွာနေ ပြည်သူများ ၂၄ နာရီလျှပ်စစ်မီးရရှိစေရန်အတွက် ကျေးရွာမှတာဝန်ရှိမီးလင်းရေးကော် မတီဝင်များက သက်ဆိုင်ရာလျှပ်စစ် ဝန်ကြီးဌာနသို့ တင်ပြတောင်းခံခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက် အရ မြေနဲကြီးကျေး ရွာနေ ဒေသခံ ပြည်သူများနှင့် မြို့နယ်လျှပ်စစ်ဦးစီးဌာနတို့ပူးပေါင်းပြီး ကျေးရွာမီးလင်း ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကျေးရွာမီးလင်းရေး ကော်မတီဝင်တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
မီးလင်းရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် မြို့နယ်လျှပ်စစ်ဦးစီး ဌာနက ၂ဝဝ ကေဗွီအေ ထရန်စဖော် မာ တစ်လုံး၊ ၄ဝဝ ဗို့ဓာတ်အားလိုင်း အတွက် လိုအပ်သော ဓာတ်ကြိုး များနှင့် အခြားဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီး မြေနဲကြီးကျေးရွာ မှ ဒေသခံပြည်သူများ၏ မတည်ငွေ ကျပ်သိန်း ၄ဝဝ ဖြင့် ကျေးရွာမီးလင်း ရေးကော်မတီဝင်များနှင့် ပြည်သူ များ ပူးပေါင်းလုပ် အားများ ကူညီ ဖြည့်ဆည်းဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ယခုအခါ လျှပ်စစ်ဓာတ်ကြိုးများသွယ်တန်းနေမှုမှာ ၇၅ ရာခိုင်နှုန်း ခန့်အထိ ပြီးစီးနေပြီဖြစ်ကာ မီးလင်း ရေးလုပ် ငန်း ဆောင်ရွက်မှုအားလုံး မကြာမီ ပြီးစီးတော့မည်ဖြစ်၍ ၂၄ နာရီ လျှပ်စစ်မီးရရှိပြီး မြေနဲကြီး ကျေးရွာနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ ယခင်ကထက်တိုးတက် လာတော့မည်ဖြစ်ကြောင်း ကျေးရွာ မီးလင်းရေးကော်မတီဝင် တစ်ဦးက ပြောသည်။

ရဲဝင်းနိုင်(iprd)

No comments:

Post a Comment