Sunday, February 15, 2015

လောက်ကိုင်မြို့တွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားရာ လူ၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၄
လောက်ကိုင် နယ်မြေအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက အင်အားဖြည့် တင်း၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လောက်ကိုင်မြို့တွင်း၌ ကိုးကန့် တိမ်းရှောင် အင်အားအချို့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။


လောက်ကိုင်မြို့တွင်း၌ အမာခံသတင်းပေးများ၏ သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းဆောင်ရွက်ခဲ့ရာ မြို့တွင်းရှိ သောင်းကျန်းသူ စိမ့်ဝင်အခြေပြု နေရာ များတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ည ၇ နာရီထိ သောင်းကျန်းသူထံမှ လက်နက် ငယ်မျိုးစုံ ၉၈ လက်၊ ခဲယမ်းဆက်စပ် ပစ္စည်းနှင့် သောင်းကျန်း သူအလောင်း ၁၃ လောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ရှစ်ဦးတို့အား ဖမ်းဆီး ရရှိခဲ့ကြောင်းနှင့် လောက်ကိုင်မြို့နှင့် ဆက်စပ် ဒေသ များတွင် နယ်မြေရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment