ရန်ကုန်တက္ကသိုလ်နှင့်
ဒဂုံတက္ကသိုလ်တို့တွင် မတ်လ (၁၉)ရက်နေ့တွင် ဖြေဆိုမည့် စာမေးပွဲများအတွက် တက္ကသိုလ် ကျောင်းသား
ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး
ယနေ့နံနက်ပိုင်းမှစတင်ကာ ရန်ကုန်
တက္ကသိုလ်တွင် တက္ကသိုလ်ပညာသင်နှစ် ပြီးဆုံး၍ ဘွဲ့ယူရန် ရောက်ရှိနေသည့် ကျောင်းသား ကျောင်း
သူများ၊ ကျောင်းသားမိဘများနှင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ကျောင်းသားတွေ
အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာ သင်ကြားနေကြပါတယ်။ ကျွန်တော့်ကျောင်းမှာဆိုရင်
ပထမနှစ်၊ ဒုတိယ နှစ်၊ တတိယနှစ်၊ စတုတ္ထနှစ် အားလုံးပေါင်းရင် ကျောင်း သားကျောင်းသူပေါင်း
နှစ်သောင်း ငါးထောင်လောက်ရှိပါတယ်။ စာမေးပွဲ ကလည်း နီးလာတော့ လက်တွေ့ သင်ခန်းစာတွေနဲ့
အပတ် စဉ်စာမေးပွဲတွေကိုလည်း အားကြိုး မာန်တက်ဖြေဆို ကျက်မတ်လေ့လာနေကြပါတယ်ဟု ပြောသည်။
ဒဂုံတက္ကသိုလ် ဥပဒေဒုတိယနှစ်ကျောင်းသူ မဖြိုးသဉ္ဇာထက်က
ကျွန်မတို့ကျောင်းမှာတော့ အားလုံး အေးအေး ချမ်းချမ်းပါပဲ။ စာမေးပွဲကလည်း နီးလာတော့
စာမေးပွဲအောင်ဖို့အတွက် ကျောင်းစာပေါ်မှာပဲ အာရုံ စိုက်နေ ရတယ်ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ်နှင့်ဒဂုံတက္ကသိုလ်တို့တွင်
ကျောင်းသားကျောင်းသူများ စာပေသင်ကြားခြင်းအပြင် အပတ်စဉ် ဘာသာရပ် အလိုက် အားကစားပြိုင်ပွဲများ၊
ဘာသာရေး ဆိုင်ရာ ပွဲတော်များ၊သွေးလှူဒါန်းပွဲများလည်း ကျင်းပ ပေးလျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment