Sunday, January 25, 2015

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည် Tractors ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် Road Race နှင့် Mountain Bike စက်ဘီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား

နေပြည်တော်၊ ဇန်နဝါရီလ ၂၅ ရက်
အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည် Tractors ကုမ္ပဏီတို့ ပူးပေါင်းကျင်းပသည့် Road Race ပြိုင်ပွဲကို(၂၄.၁.၂၀၁၅)ရက်နေ့များတွင် ကျင်းပလျှက်ရှိရာ ယနေ့နံနက် (၇း၀၀)နာရီတွင် Mountain Bike




စက်ဘီးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီဥက္ကဌ၊ အားကစားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်း၊ မြန်ရွှေပြည် Tractors ကုမ္ပဏီဥက္ကဌ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှု အားပေးခဲ့ပါသည်။
ဆက်လက်၍ BMX စက်ဘီးသရုပ်ပြစီးနှင်းသူများအား ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများ စံချိန်များ ကောင်းမွန် လာ စေရေးကြိုးစားကြရန်၊ အားကစားသမားများ လေ့ကျင့်မှုများ တိုးတက်လာစေရန် အတွက် ပြိုင်ပွဲ များ စဉ်ဆက်မပြတ် ပြုလုပ် သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် (၁၉)နှစ်အောက် Road Race ပြိုင်ပွဲတွင် ပထမဆုရရရှိခဲ့သော ဇင်လင်းကို၊ ဒုတိယဆုရရှိခဲ့သော ရဲခန့်မွန်၊ တတိယဆုရရှိ ခဲ့သော အောင်ဖြိုးမင်းတို့အား မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှလည်းကောင်း၊ အမျိုးသမီး (၁၉)နှစ်အောက် Road Race ပြိုင်ပွဲတွင်  ပထမဆုရရှိခဲ့သော ခိုင်ဇင်မိုး၊ ဒုတိယဆုရရှိ ခဲ့သော ထက်ထက်လှိုင်၊ တတိယဆုရရှိခဲ့သော ချိုချိုဌေးတို့အား မြန်ရွှေပြည် Tractors ကုမ္ပဏီ ဥက္ကဌ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးခင် မောင်ဝင်းမှလည်းကောင်း၊  အသက်(၁၉)နှစ်နှင့် (၁၅)နှစ်ကြား အမျိုးသားပြိုင်ပွဲတွင် ပထမဆု ချစ်ကိုကို၊ ဒုတိယဆု စိုးသက်၊ တတိယဆု ကျော်ထက်အောင်၊ အသက်(၁၉)နှစ်နှင့် (၂၅)နှစ်ကြား အမျိုးသမီးပြိုင်ပွဲတွင် ပထမဆု သူဇာ၊ ဒုတိယဆု တင်ဝင်းကြည်၊ တတိယဆု အိအိသက်တို့မှလည်းကောင်း၊  Mountain Bike ပြိုင်ပွဲမှ (၁၉)နှစ်အောက်ပြိုင်ပွဲတွင်  ပထမဆု မန်းတင်ခေါင်၊ ဒုတိယဆု အောင်ဖြိုးပိုင်၊ တတိယဆု ခင်မောင် ဦးမှ လည်းကောင်း၊ အသက် (၁၉)နှစ်နှင့် (၂၅)နှစ်ကြား ပြိုင်ပွဲတွင် ပထမဆု ဇော်ဝင်းကို၊ ဒုတိယဆု မင်းမော်ဟန်တို့မှလည်းကောင်း၊ (၂၆)နှစ်နှင့် အထက်ပြိုင်ပွဲတွင် ပထမဆု မင်းမင်းဟန်၊ ဒုတိယဆု မစ္စတာမာမက်၊ တတိယဆုကို အောင်ဖြိုးဝေတို့မှ ဆုများရရှိပြီး တာဝန်ရှိသူများမှ ပြိုင်ပွဲ အမျိုးအစားအလိုက်  ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment