ဟားခါး ဇန်န၀ါရီ ၂၄
မြန်မာနိုင်ငံလူမှု ကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့်
မဟာဗျူဟာလုပ်ငန်းစီမံချက်ကို စတင် လက်တွေ့ဖော်ဆောင်မှုအဖြစ် နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုခံသက်ကြီးဝါကြီးပုဂ္ဂိုလ်အဖြစ်
အသိအမှတ်ပြု ခံရသောဟားခါးမြို့၊ မြို့သစ်ရပ်ကွက်နေ အဘွားဒေါ်ဟွတ်ဒွေ (အသက်-၁၀၂နှစ်)အား
နိုင်ငံတော်သမ္မတ၏
ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေကျပ် နှစ်သိန်းကို
ဇန်န၀ါရီ ၂၂ ရက် နံနက် ၉ နာရီက အဆိုပါ အဘွားဒေါ်ဟွတ်ဒွေ၏ နေအိမ်၌ ချင်းပြည်နယ်အစိုးရအဖွဲ့
ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူအိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့သည်။ထို့နောက် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းသိရသည်။
No comments:
Post a Comment