Sunday, January 25, 2015

မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

ပေါက်တော ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်းတွင် ဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီခွဲ အချိန်မှစ၍ ညနေ ၄ နာရီခွဲထိ မီဖို မီးကြွင်းမီးကျန်မှ  မီးလောင်ကျွမ်းခဲ့မှုကြောင့်  (၄၅x၃၀)ပေ ယာယီတဲ တန်းလျား (၁၀)လုံး၊ (၃၀x၂၀)ပေ ထမင်းချက်ဆောင် (၂)လုံး၊ (၁၅x၁၀) ရေချိုးခန်း (၂)လုံး၊ အဆောင် (၁၄)လုံး မီးလောင်ဆုံးရှုံးပြီး ဆုံးရှုံးမှုတန်ဘိုးမှာ ကျပ်သိန်း ရှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။




ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းသည် ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ပေါက်တောမြို့နယ်ရှိ ကြိမ်နီပြင်ကယ်ဆယ်ရေးစခန်း မီးလောင် ရာနေရာသို့သွားရောက် ကာ မီးဘေးသင့်အိမ်ထောင်စု (၁၀၆)စုမှ လူဦးရေ (၄၅၀)ဦးတို့အားတွေ့ဆုံ၍ နှစ်သိမ့် အားပေးစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန် (၁၀၆)အိတ်၊ စားသုံးဆီ (၃၁၈)ပိဿာ၊ ကုလားပဲ (၃၁၈)ပိဿာ အားလည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန စစ်တွေ သိုလှောင်ရုံမှ တန်ဘိုးငွေ (၂၂၅၀၆၉၈) ကျပ် တန်ဘိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုးတို့အား လည်းကောင်း အိမ်ထောင်စု (၁၀၆)စုမှ မိသားစုများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်ဒုက္ခသည်များအား ယာယီမိုးကာ တဲများဖြင့် နေရာချထားပေးရေး ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မီးလောင်ဆုံးရှုံးသွားသော အဆောက် အဦး (၁၄)လုံးအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမြန်ဆုံး ပြန်လည် ဆောက်လုပ်ပေးရန် စီစဉ်လျက်ရှိ ကြောင်း သိရှိရသည်။

No comments:

Post a Comment