နေပြည်တော် ဇန်နဝါရီ ၂၄
အားကစားဝန်ကြီးဌာန၏
လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည် Tractors ကုမ္ပဏီတို့
ပူးပေါင်းကျင်းပသည့် ဖိတ်ခေါ်အမျိုးသား၊ အမျိုးသမီးအလွတ်တန်း၊ Road Race နှင့် Mountain Bike စက်ဘီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက် (၈း၀၀) နာရီတွင် သီရိရတနာ အဆင့်မြင့်ဈေးအဝန်းအတွင်း မြန်ရွှေပြည် Tractors
ကုမ္ပဏီရှေ့တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအမျိုးသား အားကစားကော်မတီဥက္ကဌ၊ အားကစားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၊ ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်ရွှေပြည်
Tractors ကုမ္ပဏီဥက္ကဌ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးခင်မောင်ဝင်းနှင့်
တာဝန်ရှိသူများ၊ အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စက်ဘီး
Road Race ပြိုင်ပွဲ စတင်တာလွှတ်မည့် မြန်ရွှေပြည် Tractors ကုမ္ပဏီရှေ့တွင် စက်ဘီး ပြိုင်ပွဲဝင်ရောက်
ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား မြန်မာနိုင်ငံ အမျိုးသားအားကစား ကော်မတီဥက္ကဌ၊
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်ရွှေပြည် Tractors ကုမ္ပဏီဥက္ကဌ မြန်မာနိုင်ငံစက်ဘီး
အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးခင်မောင်ဝင်းတို့မှ အားပေးစကားပြောကြားကာ လိုက်လံနှုတ်ဆက်ကြပြီး
မြန်ရွှေပြည် Tractors ကုမ္ပဏီဥက္ကဌ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးခင်မောင်ဝင်းမှ
ပြည်ထောင်စုဝန်ကြီးအား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးမှ
မြန်ရွှေပြည် Tractors ကုမ္ပဏီရှေ့တွင် သေနတ်ပစ်ဖောက်တာလွှတ် ပေးခဲ့ပြီး၊ ထိုမှတဆင့် သပြေကုန်းအဝိုင်းမှ
ကုမုဒြာအဝိုင်း၊ အင်ကြင်းအဝိုင်း၊ မင်္ဂလာအဝိုင်း၊ ခွာညိုအဝိုင်းမှ သီရိရတနာ လမ်းအတိုင်း စီးနှင်းကာ Mount Pleasant
တောင်ပေါ်ရှိ စက်ဘီးပြိုင်ကွင်းအတွင်းသို့ ပန်းဝင်ခဲ့ကြ သည်။
ထိုစက်ဘီးပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်အားကစားသမား (၅၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး Road Race ပြိုင်ပွဲကို (၂၄.၁.၂၀၁၅)
နှင့် Mountain Bike စက်ဘီးပြိုင်ပွဲကို (၂၅.၁.၂၀၁၅) ရက်နေ့များတွင် ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment